မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Saturday, May 20

♪ “OPPO F1s” Price - 299,000 Ks ♫

Image may contain: phone

2G,3G,4G Network အထောက်အပံ့ပေးစွမ်းမည့်ဖုန်းဖြစ်ပြီး၊ ဆင်းကတ် နှစ်ကတ်နှင့် SD ကတ် တစ်ပြိုင်တည်း ထည့်သွင်း သုံးစွဲနိုင်ပါမည်။ အသုံးပြုရမည့် ဆင်းကတ်အမျိုးအစားကတော့ Nano Sim ဖြစ်ပါသည်။ ဖုန်းမျက်နှာပြင်အတွက် IPS LCD capacitive touchscreen ကို အသုံးပြု ပေးထားပြီး၊ မျက်နှာပြင်အကျယ်အ၀န်းကတော့ 5.5 inches ရှိပါသည်။

ဖုန်းမျက်နှာပြင်အကြမ်းခံနိုင်စေဖို့အတွက်လည်း Gorilla Glass 4 ဖုံးအုပ် ပေးထားပါသေးသည်။ လက်ဗွေရာ ဖတ်စနစ်အသုံးပြုမှု တွင်ကျယ်နေခြင်း ကြောင့် OPPO သည် F1s တွင်လည်း Fingerprint စနစ်အသုံးပြုနိုင် အောင် လုပ်ဆောင်ပေးထားပါသည်။ အလွန်မြန်ဆန်သော 0.22s ဖြင့် ဖုန်းကို unlock လုပ်နိုင်မှာဖြစ်ပါသည်။ အသုံးပြုနိုင်မည့် Android version ကတော့ 5.1 ဖြစ်ပါ သည်။

OPPO ရဲ့ Color OS 3.0 နဲ့တွဲဖက်သုံးရမှာ ဖြစ်ပါသည်။ ထည့်သွင်းပေးထားသော chipset အမျိုးအစား ကတော့ Mediatek MT6750 ပါ။ CPU ရဲ့စွမ်းရည်မှာ Octa Core 1.5GHz Cortex-A53 ဖြစ်သောကြောင့် ဖုန်းသုံးစွဲသည့်အခါတွင် လျင်မြန်သည့် တုံ့ပြန်မှု များကို ရရှိနိုင်ပါသည်။ ထည့်သွင်းပေးထားသော GPU ကတော့ Mali-T860MP2 ဖြစ်ပါသည်။

မှတ်ဥာဏ် ပမာဏအပိုင်းတွင် RAM ကို 3GB ထည့်သွင်းပေးထားပြီး၊ ဖုန်းတွင်းမှတ်ဥာဏ်ပမာဏအဖြစ် 32GB ပါရှိအောင် ဆောင်ရွက်ပေး ထားပါသည်။ F1s တွင် Virus Scanner စနစ် ပါရှိသောကြောင့် ဖုန်းကို လုံခြုံစိတ်ချစွာအသုံးပြုနိုင်ပါမည်။ သုံးစွဲသူ၏ မျက်လုံးကို အကာအကွယ် ဖြစ်အောင်လည်း Eye Protection စနစ်ထည့်သွင်းပေးထားပါသေးသည်။


ဖုန်း၏မျက်နှာပြင်တွင် O ပုံစံ၊ V ပုံစံ များ ရေးဆွဲ၍ မိမိလိုချင်သောစနစ်ကို တိုက်ရိုက် ဖွင့်သုံးစွဲနိုင်မည့် Gesture & Motion စနစ်လည်းပါရှိပါသည်။ Bluetooth version ကတော့ 4.0 ပါ။ ဘက်ထရီအမျိုးအစားမှာ Li-Po 3075 mAh ဖြစ်သောကြောင့် ဖုန်းကိုအချိန် ကြာမြင့်စွာ သုံးစွဲနိုင်ပါမည်။


<Specifications>

Network - GSM/HSPA/LTE
Screen - 5.5 inches
Memory - 32GB
Bluetooth - v4.0
CPU - Octa Core 1.5GHz
OS - Android OS, v5.1
Contact - 01-371924

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...