မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Saturday, May 20

♪ ရှားပါး ပိုကီမွန်တွေ ဖမ်းမိနိုင်မယ့် Pokemon Go ရဲ့ တစ်နှစ်ပြည့် မွေးနေ့အစီအစဉ် ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/sdofmw.jpg?fit=800%2C450&ssl=1

ပြီးခဲ့တဲ့ (၂၀၁၆) ခုနှစ်အတွင်းက အလွန်အမင်းရေပန်းစားခဲ့တဲ့ Pokemon Go ဂိမ်းရဲ့ တစ်နှစ်ပြည့် မွေးနေ့ အချိန်အခါကို ကျရောက်လာခဲ့ပါပြီ။ Niantic အနေနဲ့ Pokemon Go ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ လျော့နည်းသွားတဲ့ ဆော့ကစားသူတွေကို ပြန်လည်စွဲဆောင်ဖို့အတွက် Adventure Week ဆိုတဲ့ အစီအစဉ် လေးတစ်ခုကို ပြုလုပ်ပေးလိုက်ပါတယ်။

Week လို့ ဆိုထားတဲ့အတိုင်း မေလ(၁၈) ရက်နေ့ကနေ့ (၂၅)ရက် (တစ်ပတ်) အတွင်းမှာ ဒီ အစီအစဉ်လေးကို ပြုလုပ်ပေးထားတာဖြစ်ပြီး ဒီ Week အတွင်းမှာတော့ Geodudes အပါအဝင် ရှားပါးတဲ့ Rock Type Pokemon တွေဖြစ်တဲ့ Omanyte နဲ့ Kabuto တို့ကို အမြောက်အများ ဖမ်းယူရရှိနိုင်မှာဖြစ်ပါတယ်။

ဒီ Week ဟာ Rock Type Pokemon တွေကို အသားပေးထားတာဖြစ်ပြီး ဒီ Week အတွင်းမှာ Rock Type Pokemon တွေကို Buddy အဖြစ်ခေါ်ဆောင်ထားပါက ပုံမှန်အတိုင်း (၄)ကီလိုမီတာ လျှောက်စရာမလိုပဲ (၁) ကီလိုမီတာတည်းနဲ့တင် Candy ရရှိမှာဖြစ်ပါတယ်။

Adventurer’s Hat လေးတွေကိုလည်း အခမဲ့ ရရှိနိုင်မယ့်အပြင် Pokestop တွေကိုလှည့်တဲ့အခါမှာလည်း ပုံမှန်အတိုင်း item (၃) ခုသာ ရရာကနေ Week အတွင်းမှာ (၅)ခုကနေ (၆) ခုအထိရရှိနိုင်မှာလည်းဖြစ် ပါတယ်။



Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...