မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Monday, May 15

♪ Samsung Galaxy Note7 Model အသစ်ကို ရောင်းပြီ ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/Untitled-1-1.jpg?fit=800%2C450&ssl=1

Samsung က ပြင်ဆင်မွမ်းမံထားတဲ့ Note7 Model အသစ်ကို ထုတ်လုပ်ရောင်းချမယ်လို့ အတည်ပြု ထားပါတယ်။ အဲဒီ မော်ဒယ်ရဲ့ အမည်ကို ကုမ္ပဏီက ကြေညာခြင်း မရှိသေးပေမယ့် ပြင်ဆင် မွမ်းမံ ထားသောလို့ အဓိပ္ပါယ်ရတဲ့ Refurbished ကို ကိုယ်စားပြုတဲ့ အနေနဲ့ Galaxy Note7R လို့ အမည်ပေး ထားမယ်လို့ သတင်းထွက်နေပါတယ်။

Samsung က ရောင်းချမယ့် နေ့နဲ့ နိုင်ငံများကို တရားဝင် ကြေညာခြင်း မရှိသေးပေမယ့် အခုတော့ တရုတ် အရောင်းဆိုင်တစ်ခုက သူ့ရဲ့ ၀က်ဆိုက်မှာ Galaxy Note7 Model အသစ်ကို ရောင်းချဖို့ ပြသထားပါတယ်။ ယခင်ထွက်ပေါ်ခဲ့တဲ့ သတင်းများ အတိုင်းပဲ မော်ဒယ်အသစ်ကို Galaxy Note7R လို့ အမည်ပေးထားပါတယ်။ မော်ဒယ် အလိုက် တရုတ်ယွမ် ၃၅၉၉ နဲ့ ၃၉၉၉ အကြား သတ်မှတ် ထားပြီး ဒေါ်လာ ၅၂၀ နဲ့ ၅၈၀ အကြား တန်ကြေးရှိပါတယ်။ အဲဒီ အတွက် မူလ မော်ဒယ်ထက် ၂၉၀ ဒေါ်လာ သက်သာပါတယ်။ မော်ဒယ် အသစ်ရဲ့ ဒီဇိုင်းဟာ မူလ မော်ဒယ်နဲ့ တူညီပါတယ်။

Galaxy Note7R ကို မော်ဒယ် ၂ မျိုး ထုတ်လုပ်ပေးထားပြီး ဥရောပ၊ အမေရိကန်နဲ့ အာရှ ပစိဖိတ်နိုင်ငံ များမှာ 3200mAh Battery တပ်ဆင်ထားတဲ့ မော်ဒယ်ကို ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။ မူလ မော်ဒယ်မှာလိုပဲ 3500mAh Battery တပ်ဆင်ထားတဲ့ Note7R ကိုလည်း ထုတ်လုပ်ပေးထားမယ်လို့ သတင်းထွက်နေပါတယ်။

Samsung က အဲဒီ စမတ်ဖုန်းကို ဒီလထဲမှာ တောင်ကိုရီးယားတွင် ရောင်းချမယ်လို့လည်း သိရပါတယ်။ Samsung က တောင်ကိုရီးယား National Research Agency မှ လုံခြုံရေး သက်သေခံ လက်မှတ်ကို လျှောက်ထားတော့မယ်လို့ သတင်းက ဆိုပါတယ်။ Samsung က ဒီလို သက်သေခံ လက်မှတ်ကို အမေရိကန် Federal Communications Commission ထံကနေ ရရှိပြီးပြီလို့ သိရပါတယ်။ တောင်ကိုရီးယားမှ သက်သေခံ လက်မှတ် ရရှိဖို့အတွက် တစ်လလောက်ကြာမှာ ဖြစ်တဲ့ အတွက် မေလ မဟုတ်ရင်တောင် ဇွန်လမှာ ရောင်းချမယ်လို့ တွက်ဆထားကြပါတယ်။




Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...