မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Mogok

Sunday, May 14

♪ Sony နှင့် MPT Brand Shop များတွင် Xperia XZs စမတ်ဖုန်းကို တန်ဖိုး ၈၉၉,ဝဝဝ ကျပ်ဖြင့်ဝယ်ယူနိုင်ပြီ ♫


Sony ကပြည်တွင်းမှာ အသစ်မိတ်ဆက်ခဲ့တဲ့ Xperia XZs စမတ်ဖုန်းကို Sony, MPT Brand Shop တွေမှာ ဝယ်နိုင်ပြီလို့ သိရပါတယ်။ 

ဒီစမတ်ဖုန်းကို တန်ဖိုး ၈၉၉,ဝဝဝ ကျပ်နဲ့ရောင်းချ ပေးတာဖြစ်ပြီး စတင်မိတ်ဆက်ခြင်းအနေနဲ့ XZs စမတ်ဖုန်း ၀ယ်ယူသူတွေကို Sony MDR-ZX310Ap နားကြပ်၊ 10000mAh Sony power bank, လစဉ်ငွေကျပ် ၅ဝဝဝ ဖြည့်သွင်းရုံနဲ့ 2.5GB အခမဲ့အင်တာနက် ၆ လခံစားခွင့်၊ ဂျပန်နိုင်ငံကို အလည်အပတ် ပို့ဆောင်ပေးမယ့် ခရီးအပါအ၀င် Sony ထုတ်ကုန်တွေကို ကံစမ်းနိုင်မယ့် Lucky Draw အစီအစဉ်ကိုလည်း ခံစားရရှိမှာပါ ။

Sony Xperia XZs ကို အပြာနု (Ice Blue)၊ အနက်နဲ့ ငွေမင် (Warm Silver) အရောင်သုံးမျိုးနဲ့ ဝယ်နိုင်မယ်လို့ သိရပါတယ်။




Credit to ==> Internet Journal
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...