မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Mogok

Sunday, May 21

♪ " Sony Xperia Smartphone ၀ယ်ယူသူများ MPT ဧ။် Data နှင့် ငွေဖြည့်အပိုလက်ဆောင်များ ထပ်မံရရှိနိုင် " ♫

Image may contain: screen and indoor

MPT နှင့် Sony တို့သည် Xperia XA1 မှ Xperia XZ Premium အထိ စိတ်ဝင်စားဖွယ်ရာ ပူးပေါင်းဆောင်ရွက် မှုကို စတင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။ သုံးစွဲသူများအနေဖြင့် MPT ၏ ကွန်ရက်အတွင်း Sony Smartphone များ ဝယ်ယူအသုံးပြုခြင်းဖြင့် များပြားလှသည့် အထူးလက်ဆောင်များနှင့် ဒေတာဘောနပ်စ်များကို ရရှိနိုင်မည်ဖြစ်ကာ တစ်လလျှင် 1.5GB ပမာဏမှ 3GB အထိ ငွေဖြည့်သွင်းသည့် ပမာဏပေါ်မူတည်ပြီး ရရှိနိုင်သည်။

MPT နှင့် Sony မှ ပူးပေါင်းပေးအပ်သည့် အဆိုပါ အထူးလက်ဆောင်များထဲတွင် Sony နားကြပ် အခမဲ့လက်ဆောင်များ၊ Sony 10000 mAh power bank တို့အပြင် ဆုကြီးများပိုင်ဆိုင်နိုင်ရန် ပါဝင် ကံစမ်းခွင့်များ ရရှိမည်ဖြစ်သည်။ ပေါက်မဲဆုကြီးများမှာ Sony TV များ၊ Sony PlayStations နှင့် ဂျပန်နိုင်ငံသို့ ပျော်စရာအထူးခရီးစဉ်လည်း ပါဝင်မည်။ အခမဲ့ဒေတာအပိုလက်ဆောင်သည် MPT ၏ဆွေသဟာနှင့် ရှယ်ပြောအစီအစဉ်များတွင် ရရှိနိုင်မည်ဖြစ်ပြီး စတင်အသုံးပြုချိန်မှစတင်၍ ခြောက်လအထိ ငွေဖြည့်သွင်းမှုပေါ်မူတည်ပြီး အသုံးပြုနိုင်မည်ဖြစ်သည်။

အဆိုပါအစီအစဉ်တွင် Xperia XA1 နှင့် Xperia Ultra 1 ပိုင်ရှင်များမှာ 1.5GB အခမဲ့ဒေတာရရှိနိုင်ရန် တစ်လလျှင် ဖုန်းငွေ 3000 ကျပ်သာ ဖြည့်သွင်းရမည်ဖြစ်ပြီး Xperia XZs အား ရွေးချယ်ဝယ်ယူသူများသည် တစ်လလျှင် ဖုန်းငွေ 5000 ကျပ်ဖြည့်သွင်းပါက 2.5GB ရရှိမည်ဖြစ်သည်။ အမြင့်ဆုံး Xperia XZ Premium ဝယ်ယူသူများမှာ ဖုန်းငွေ 5000 ကျပ်အတွက် အခမဲ့ဒေတာ 3GB အထိ ရရှိနိုင်သည်။ သုံးစွဲသူများသည် မေလ (12) ရက်နေ့မှ စတင်၍ Sony အရောင်းဆိုင်များကြီးများနှင့် အချို့သော MPT အမှတ်တံဆိပ်အရောင်းဆိုင်များတွင် အဆိုပါ Smartphone များကို ၀ယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။




NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...