မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Mogok

Tuesday, May 16

♪ ZTE က တန်ဖိုးနည်း ၆ လက်မ စမတ်ဖုန်းကို မိတ်ဆက် ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/zte_bladexmax_4.jpg?fit=800%2C450&ssl=1

ZTE က ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းက တန်ဖိုးနည်း Phablets များဖြင့် ဈေးကွက်ကို ထိုးဖောက်နေပါတယ်။ Zmax Pro နဲ့ မကြာခင်က ရောင်းချခဲ့တဲ့ Max XL တို့ဟာလည်း လူကြိုက်များခဲ့ပါတယ်။ အခုလည်း ZTE က အမေရိကန်မှာ Blade X Max ကို ပွဲထုတ်လိုက်ပါပြီ။

Cricket Wireless က ရောင်းချမှာ ဖြစ်ပြီး ZTE Blade X Max ဟာ Boost Mobile/ Sprint ကနေ ရောင်းချခဲ့တဲ့ ZTE Max XL နဲ့ အလွန် ဆင်တူပေမယ့် ဒီဇိုင်း အနည်းငယ် ကွဲပြားပါတယ်။ Blade X Max ကို အပြာနဲ့ ငွေရောင်များ ထုတ်လုပ်ပေးထားပါတယ်။ Specifications အပိုင်းမှာလည်း အနည်းငယ် အဆင့်မြှင့်ထားပြီး Qualcomm Snapdragon 435 Chipset , 2GB RAM , 32GB Internal Storage များ တပ်ဆင်ထားပါတယ်။ Max XL မှာတော့ 16GB Internal Storage သာ ပါပါတယ်။

အခြား Specifications များကတော့ တူညီကြပြီး Blade X Max မှာ 13 Megapixel Rear Camera , Fingerprint Sensor , 3400mAh Battery , Quick Charge 2.0 , Android 7.1.1 များ တပ်ဆင်ထားပါတယ်။ ၁၄၉ ဒေါ်လာသတ်မှတ်ထားပြီး မြန်မာငွေ ၂ သိန်း ၀န်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။




Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...