မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Saturday, June 24

♪ Asus က Apple MacBook နဲ့ ဆင်တူတဲ့ VivoBook S ကို မိတ်ဆက် ♫


Asus က မကြာခင်က ကျင်းပခဲ့တဲ့ Computex ပွဲမှာ VivoBook S Laptop များကို မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း VivoBook S Laptop အသစ်တစ်လုံးကို ကြေညာလိုက်ပါပြီ။ VivoBook S S510 လို့ အမည်ပေးထားပြီး ၁၅.၆ လက်မ Full HD Display , 7th Gen Intel Core i7 Processor , 8GB RAM, 1TB Storage ထည့်သွင်းထားပါတယ်။ USB-C, USB Type-A, USB 2.0, HDMI, 3.5mm jack, SD card reader အပါအ၀င် Ports များစွာ ပါပါတယ်။ ၃.၇ ပေါင် အလေးချိန်ရှိပြီး ၇.၈ မီလီမီတာ အထူရှိပါတယ်။ သူဟာ Apple MacBook နဲ့ အလွန် ဆင်တူပါတယ်။

တောက်ပြောင်တဲ့ အလူမီနီယမ် ကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး Windows 10 Home ထည့်သွင်းထားပါတယ်။ အခြေခံမော်ဒယ်ကို ၆၉၉ ဒေါ်လာ သတ်မှတ်ထားပြီး အမေရိကန်မှာ Asus, ABT , B&H, Computer Upgrade King နဲ့ Newegg တို့ကနေ ရောင်းချပေးမှာ ဖြစ်ပါတယ်။ ဒေါ်လာ ၇၉၉ တန်မော်ဒယ်အထိ ရွေးချယ်နိုင်ပါတယ်။

VivoBook S S510 ဟာ MacBook Air နဲ့ ဆင်တူပြီး ကျစ်လစ် ပေါ့ပါးတဲ့ လက်တော့များကို နှစ်သက်သူများအတွက် ရွေးချယ်စရာ ဖြစ်ပါတယ်။ ဒါပေမယ့် သတ်မှတ်ထားတဲ့ ဈေးနှုန်းအရ Windows 10 Home ကိုသာ ထည့်သွင်းပေးထားတာက အားနည်းချက်ဖြစ်တယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...