မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Tuesday, June 20

♪ " Vivo V5 က ဘာတွေပိုကောင်းလာလဲ။ (Advertorial) " ♫

Image may contain: 2 people, phone

အခုတလော Vivo V5 က စမတ်ဖုန်းသုံးစွဲသူတွေကြားမှာ အတော်လေး လူပြောသူပြောများလာလို့ ကျွန်တော်တို့အဖွဲ့လည်း စမ်းသပ်သုံးစွဲကြည့်ခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲ့ တွေ့ရှိချက်တွေကို ဘက်မလိုက်တဲ့ အမြင်တစ်ခုအနေနဲ့ ပြန်လည်ပြီး မျှဝေချင်ပါတယ်။ ဒါဆိုရင် Vivo V5 သုံးစွဲဖို့ စိတ်ကူးနေကြတဲ့ စာဖတ်ပရိသတ်တွေအတွက် အသုံးတည့်မယ်လို့ ထင်ပါတယ်။ စစချင်း ဖုန်းရဲ့အသွင်အပြင်ကနေ စပြောပါမယ်။

Vivo V5 က နောက်ဆုံးပေါ်ထုတ်ကုန်ပါ။ ဒါကြောင့် ဒီဇိုင်းပိုင်းမှာတော့ ပိုပြီးဂရုစိုက် ထုတ်လုပ်လာတဲ့သဘောကို တွေ့လာရပါတယ်။ အရောင်က 3 မျိုး ထုတ်ထားပါတယ်။ အခုလည်း V5 Black Limited Edition ဆိုပြီး သီးသန့်ထပ်ထုတ်ထားတာကို တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် V5 ရဲ့ ဒီဇိုင်းက ရိုးရှင်းပေမယ့် ကြည့်လိုက်တာနဲ့ သန့်တယ်ကွာဆိုတဲ့ ပုံစံမျိုးတော့ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်ထည်က ပလတ်စတစ်နဲ့ သတ္တုနဲ့ ပေါင်းထားတာပါ။ V5 က 5.5 လက်မ မျက်နှာပြင်ရှိတဲ့ ဖုန်းဖြစ်တာကြောင့် စာဖတ်တာပဲဖြစ်ဖြစ်၊ ဂိမ်းကစားတာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။

မျက်နှာပြင်က သိပ်ပြီးလည်းမကြီးသလို သိပ်ပြီးလည်းမသေးပါဘူး။ ပျမ်းမျှပါပဲ။ ကောင်းတာတစ်ခုကတော့ မျက်နှာပြင် မှန်ပြားကို Gorilla Glass အမျိုးအစားနဲ့ ထုတ်လုပ်ထားတာပါ။ ဒီမှန်အမျိုးအစားက ပါးလွှာပေမယ့် ကြံ့ခိုင်ပါတယ်။ အခုနောက်ပိုင်း ကွန်ပျူတာတွေမှာလည်း ဒီမှန်အမျိုးအစားပဲ သုံးလာကြတာပါ။ ဒါကြောင့် စမတ်ဖုန်းတစ်လုံးအတွက် လိုအပ်တဲ့ မှန်မျက်နှာပြင် ကြံ့ခိုင်မှုရှိတယ်လို့ ပြောရမှာပါ။ နောက်တစ်ချက်ကတော့ အရောင်အသွေးစိုပြေမှုပါပဲ။ Vivid display ဖြစ်တာကြောင့် အရောင်အသွေးက ပိုပြီးတောက်ပစိုပြေပါတယ်။ တခြား Vivo တွေနဲ့ယှဉ်ရင်တော့ နည်းနည်းပိုကောင်းလာပါတယ်။ ဖုန်းနဲ့ ဗွီဒီယိုကြည့်တဲ့သူတွေအတွက်တော့မိုက်ပါတယ်။

စိုစိုပြေပြေနဲ့ ကြည့်ရတာပေါ့။ ဒါလည်း ကောင်းတဲ့အချက်ပါပဲ။ စွမ်းဆောင်ရည်ပိုင်းကတော့ ပိုပြီးကောင်းလာတယ်လို့ ထောက်ခံချင်ပါတယ်။ အသံအရည်အသွေးအတွက်ကတော့ အပြောင်းအလဲမရှိ ပါပဲ။ သူ့ရဲ့ထုတ်ကုန်တိုင်းမှာ ထည့်သွင်းထားတဲ့ Hi-Fi Chip ကို ထည့်သွင်းထားပါတယ်။ နောက်တစ်ခုက Software ပိုင်းလည်း သိပ်ပြီးအပြောင်းအလဲမရှိပါ ဘူး။ 1.5GHZ octa-core MediaTek MT6750 processor, 4GB RAM ဖြစ်လို့ App တွေ အများကြီးကို တစ်ပြိုင်နက် သုံးချင်တဲ့သူတွေအတွက် အတော်လေးကို အဆင်ပြေပါတယ်။ ကျွန်တော်တို့လို ဂိမ်းကစားချင်တဲ့ သူတွေအတွက်လည်း အဆင်ပြေပြေ ကစားနိုင်ပါတယ်။ သူ့မှာပါတဲ့ Smart Split စနစ်ကလည်း တော်တော်မိုက်ပါတယ်။ ဗီဒီယိုကြည့်နေရင်း မက်ဆေ့ခ်ျတွေ ဘာတွေ ၀င်လာရင် ဗီဒီယိုအကြည့်မပျက်ဘဲ မက်ဆေ့ခ်ျလည်း ဖတ်လို့ရပါတယ်။

ဖုန်းမျက်နှာပြင်မှာ ဗီဒီယိုကတစ်ခြမ်း၊ မက်ဆေ့ခ်ျကတစ်ခြမ်း ဖြစ်သွားတာပါ။ မိုက်ပါတယ်။ နောက်ထပ် ကောင်းတာတစ်ခုက ဘက်ထရီပိုင်းပါ။ 3000 mAh ဘက်ထရီကို သုံးထားတာကြောင့် အသုံးခံပါတယ်။ ကျွန်တော်တို့ကတော့ အကြိုက်ပါပဲ။ ဂိမ်းကြာကြာ ကစားလို့ရပါတယ်။ အားသွင်းကြိုး မကြာခဏမေ့တတ်တဲ့ ကိုကို မမ တွေလည်း ကြိုက်မယ်လို့ ထင်ပါတယ်။ အကောင်းဆုံးလို့ ပြောရမယ့် တစ်ခုကတော့ 20MP အရှေ့ကင်မရာပါ။ ဖုန်းနဲ့ ဆက်ဖီဆွဲချင်တဲ့ မမတွေအတွက် လုံးဝအကြိုက်တွေ့ပါလိမ့်မယ်။ အဲဒါက ရှေ့ကင်မရာမှာ သိပ်ပြီးမပြင်းထန်လွန်းတဲ့ အလင်းရောင်ဖျော့ဖျော့ကို ထည့်သွင်းထားလို့ပါပဲ။ ခပ်မှောင်မှောင်အနေအထားမှာ ကျွန်တော်တို့ ကိုရုပ်ဆိုးအဖွဲ့တွေ ဆက်ဖီဆွဲကြည့်ပြီးပါပြီ။ အသားမဲတွေက အမှောင်ထဲမှာ ပျောက်မနေပါဘူး။ မီးထိုးပြီး ရိုက်ထားသလိုပါပဲ။ စွန်းမိုက်ပါ။

အားနည်းချက်ကတော့ အစတုန်းက ပြောခဲ့သလိုပါပဲ။ ပလတ်စတစ်နဲ့ သတ္တုကို ရောထားတဲ့ ကိုယ်ထည်ဖြစ်နေတာပါ။ နောက်တစ်ခုက ဆင်းမ်ကတ်နှစ်ကတ် သုံးလို့ရတယ်ဆိုပေမယ့် နှစ်ကတ် တစ်ပြိုင်နက်သုံးမယ်ဆိုရင်တော့ Micro SD ကတ် သုံးလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ Sim 2 က SD ကတ်ထည့်တဲ့နေရာနဲ့ တစ်ခုတည်းမို့လို့ပါ။ နောက်တစ်ခုက Sim နဲ့ SD က slot တစ်ခုတည်းမှာ ရောထားတာပါပဲ။ တစ်ခုခုကို အထုတ်အသွင်းလုပ်ချင်ရင် နှစ်ခုလုံး ထွက်လာပါလိမ့်မယ်။ ဆင်းမ်ကတ်နှစ်ခုလုံးလည်း တစ်ပြိုင်နက်သုံးချင်တယ်။ SD လည်း ထည့်သုံးချင်တယ်ဆိုတဲ့သူတွေအတွက်တော့ ကြိုက်မှာမဟုတ်ပါဘူး။ နောက်တစ်ခုကတော့ သူ့ရဲ့ Custom OS က နည်းနည်းလေးရှုပ်ထွေးတယ်လို့ ခံစားရပါတယ်။

ကျွန်တော်တို့လို လူငယ်တွေအတွက် သိပ်ကိစ္စမရှိပေမယ့် အသက်ကြီးပိုင်းအတွက်တော့ နည်းနည်းရှုပ် ပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် Vivo V5 ကတော့ အရင်ဖုန်းတွေထက် ပိုပြီးကောင်းလာတာကို တွေ့ရပါတယ်။ ဈေးနှုန်းကတော့ အခြား Vivo တွေနဲ့ ယှဉ်မယ်ဆိုရင် နည်းနည်းပိုပြီး များသွားပါတယ်။ ဒါပေမယ့် စွမ်းဆောင်ရည်ပိုင်းကတော့ ပိုမိုက်လာလို့ သုံးရတာအဆင်ပြေပါတယ်။ စာဖတ်ပရိသတ်တွေ အနေနဲ့ ကျွန်တော်တို့ရဲ့ဆောင်းပါးကို ဖတ်ပြီးရင် ၀ယ်သင့် မ၀ယ်သင့် ဆုံးဖြတ်ရတာ ပိုပြီးလွယ်ကူ သွားမယ်လို့ ထင်ပါတယ်။




NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...