7/08/2017

♪ " ရှေ့ကင်မရာ 13 MP ပါဝင်ပြီး Selfie အတွက် အဓိကရည်ရွယ်တဲ့ Redmi Note 5 " ♫

Image may contain: phone, screen and text

Xiaomi ရဲ့ Redmi Note 5 နဲ့ပတ်သက်တဲ့ သတင်းတစ်ချို့ ထွက်ပေါ်လာပြီး ရှေ့ကင်မရာကို 13 MP ထည့်သွင်းလာတာကြောင့် ဒါဟာ Selfie ရိုက်ကူးမှုအတွက် အဓိကထောက်ပံ့ပေးမယ့် စမတ်ဖုန်းအနေနဲ့ ရည်ရွယ်ထွက်ရှိလာမှာလို့ ယူဆရပါတယ်။

Redmi Note တွေဟာ Xiaomi ရဲ့ ရောင်းရအကောင်းဆုံး စမတ်ဖုန်းတစ်မျိုးလည်းဖြစ်ပြီး အခုထွက်ရှိလာမယ့် Redmi Note 5 အတွက် စိတ်ဝင်စားဖွယ်အချက်တွေကိုလည်း တွေ့ရမှာပါ။ ထွက်ပေါ်လာတဲ့ သတင်းအရတော့ Xiaomi Redmi Note 5 မှာ 5.5 လက်မ 1080p IPS စကရင်နဲ့ ပါဝါလုံလောက်တဲ့ chipset ပါဝင်မယ်လို့ သိရပါတယ်။ ဒီနှစ်ထဲမှာတော့ Snapdragon 630 နဲ့ 660 ကြား ကို ရွေးချယ်မယ့်ပုံပါပဲ။ CPU ရော GPU ပါ ပိုမိုအားကောင်းလာစေတဲ့ ဒီ chip တွေက 14nm process နဲ့ လုပ်ဆောင်ထားခြင်း ဖြစ်ပါတယ်။


ဘက်ထရီကတော့ 4100 mAh ရှိတဲ့ Redmi Note 4 ထက် အနည်းငယ်သေးပြီး 3790 mAh ကို အသုံးပြုထားတာပါ။ Quick Charge 3.0 (over a USB-C port) ပါဝင်တယ်လို့လည်း သိရပြီး 7.5 mm အထူသာရှိမှာပါတဲ့။ Redmi Note 5 မှာ Sony IMX 234 sensor ၊ f/2.0 aperture ၊ 0.3s focus lock (PDAF) နဲ့ 16MP camera ကို နောက်ကျောဘက်မှာ တပ်ဆင်ထားပါတယ်။ ရှေ့ဘက်မှာတော့ 13 MP selfie ကင်မရာပါဝင်တယ်လို့ သိရပါတယ်။ version 3 မျိုး ထွက်ရှိလာမှာဖြစ်ပြီး RAM 3GB/ROM 32GB ၊ RAM 4GB/ROM 32GB ၊ RAM 4GB/ROM 64GB ဆိုပြီး ထွက်ရှိလာမယ်လို့ သိရပါတယ်။ 


ဈေးနှုန်းတွေကတော့ RAM 3GB/ ROM 32GB ကို တရုတ်ယွမ် 1200 (အမေရိကန်ဒေါ်လာ 175 ဝန်းကျင်) ၊ RAM 4GB / ROM 32GB ကို တရုတ်ယွမ် 1400 (အမေရိကန်ဒေါ်လာ 205 ဝန်းကျင်) RAM 4GB / ROM 64GB ကို တရုတ်ယွမ် 1500 (အမေရိကန်ဒေါ်လာ 220 ဝန်းကျင်) ကျသင့်မယ်လို့ ထွက်ပေါ်လာတဲ့သတင်းမှာ ဖော်ပြထားပါတယ်။



#gsmarena.com

သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com