7/11/2017

♪ " ရှေ့ကင်မရာရောနောက်ကင်မရာပါ 13MP နဲ့ Flash မီး ပါဝင်လာမည့် Samsung Galaxy On Max " ♫

Image may contain: phone

Samsung က Selfie ပိုင်းအတွက်ဦးစားပေးထားပြီး တစ်ခြား ဆယ်ဖီစမတ်ဖုန်းတွေနဲ့ ယှဉ်ပြိုင်နိုင်မယ့် Galaxy On Max ကို အိန္ဒိယမှာ စတင်မိတ်ဆက်လိုက်ပါတယ်။ ဒီစမတ်ဖုန်းမှာ ရှေ့ကင်မရာရော နောက် ကင်မရာပါ 13MP အသုံးပြုထားပြီး ကင်မရာ2 ခုလုံးအတွက် Flash မီးထည့်သွင်းပေးထားတာကြောင့် အလင်းရောင်အားနည်းတဲ့ နေရာတွေမှာ ပုံထွက်ကောင်းအောင် ရိုက်ကူးနိုင်စေမှာ ဖြစ်ပါတယ်။

ဒီစမတ်ဖုန်းမှာ RAM 4GB ၊ 5.7 လက်မ full-HD display ၊ မြင်ကွင်းကျယ် ကင်မရာ ပါဝင်ပြီး Samsung Pay Mini အတွက်လည်း ထောက်ပံ့ပေးထားပါတယ်။ Samsung Galaxy On Max ကို Flipkart မှာပဲ ရရှိမှာဖြစ်ပြီး တခြားဘယ်မှာ ရရှိနိုင်ဦးမလဲဆိုတာ မကြာခင်မှာ ဖော်ပြသွားမှာဖြစ်ပြီး ထွက်ရှိလာမယ့် ရက်ကိုတော့ Samsung မှာရော Flipkart မှာရော အတိအကျ မဖော်ပြထားပါဘူး။ မိတ်ဆက်ပွဲမှာ Samsung India ရဲ့ Online Business Vice President ဖြစ်သူ Sandeep Singh Arora က အသုံးပြုသူတွေက ဆမ်ဆောင်းရဲ့ မန်မိုရီများတဲ့ သူတို့ရဲ့ စမတ်ဖုန်းကို အသုံးပြုနိုင်မှာဖြစ်ပြီး ပုံတွေကို ရှဲတဲ့အခါမှာ လွယ်ကူစေမယ့် single click ဖန်ရှင်ကိုလည်း ထည့်သွင်းပေးထားတယ်လို့ ပြောကြားခဲ့ ပါတယ်။


Samsung Galaxy On Max ရဲ့ဈေးနှုန်းကတော့ အိန္ဒိယမှာ ရူပီး 16900 ရှိပြီး အနက်ရောင်နဲ့ ရွှေရောင် ရရှိမှာဖြစ်ပါတယ်။ Oppo F3 ၊ Moto G5 Plus ၊ Oppo F1s ၊ Honor 8 ၊ Honor 8 Lite, ၊ Samsung Galaxy J7 Max နဲ့ Samsung Galaxy J7 Prime တို့နဲ့လည်း ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်တယ်လို့ ဆိုထားတဲ့ Samsung Galaxy On Max မှာ dual-SIM ပါဝင်ပြီး Android 7.0 Nougat ကို အသုံးပြုထားပါတယ်။ မျက်နှာပြင်ကတော့ 1080 x1920 pixels နဲ့ 5.7 လက်မ full-HD display ပါဝင်ပါတယ်။ RAM 4GB နှစ်စုံဖြစ်တဲ့ 2.39GHz cores clocked လေးလုံး နဲ့ 1.69GHz cores clocked လေးလုံး ပါဝင်တဲ့ octa-core MediaTek MTK P25 SoC ကို အသုံးပြုထားပါတယ်။

Samsung Galaxy On Max ရဲ့ ရှေ့နဲ့ နောက်ကင်မရာမှာတော့ 13-megapixel sensor နဲ့ ရှေ့မှာရော နောက်မှာရော LED flash modules ပါဝင်ပါတယ်။ ရှေ့sensor မှာတော့ f/1.9 aperture lens နှစ်စုံပါဝင်ပြီး နောက်ဘက် sensor မှာတော့ f/1.7 aperture lens နှစ်စုံပါဝင်ပါတယ်။ Samsung Galaxy On Max မှာ inbuilt storage 32GB ( microSD card ကို အသုံးပြုပြီး 256GB ထိ တိုးချဲ့နိုင်ခြင်း) ပါဝင်ပြီး ချိတ်ဆက်မှုအတွက်တော့ 4G VoLTE ၊ Wi-Fi ၊ Bluetooth ၊ 3.5mm နားကျပ်ပေါက်၊ Micro-USB port တို့ပါဝင်ပါတယ်။ အလေးချိန် 178 ဂရမ်၊ 156.6x78.7x8.1mm ရှိပြီး 3300mAh ဘက်ထရီ ပါဝင်ပါတယ်။ Fingerprint sensor ကတော့ home button မှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။


#gadgets.ndtv.com

သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com