မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Wednesday, July 12

♪ “5BB ၏ အခမဲ့ Wi-Fi Internet အား ရန်ကုန်မြို့တွင်း နေရာ (၃၄) ခုတွင် အသုံးပြုနိုင်ပြီ” ♫

https://www.pictontop10.co.nz/sites/default/files/styles/landscape/public/free-wifi-1.jpg?itok=8eC3cgf-

အခမဲ့ ၀ိုင်ဖိုင်အင်တာနက်ပေးနေသော 5BB ၏ အခမဲ့အင်တာနက်သုံးနိုင် သည့်နေရာများ ထပ်မံတိုးချဲ့လိုက်ပြီး လက်ရှိအချိန်ထိ ရန်ကုန်မြို့ တွင်း နေရာ ၃၄ ခုတွင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ ထပ်မံ ရရှိမည့်နေရာသစ် ၅ ခုမှာ Market Place (ပြည်လမ်း၊ ၆မိုင်ခွဲ) ၊ Market Place (ရွှေတောင်ကြား၊ ဗဟန်း)၊ City Mart (သမိုင်း)၊ Ocean Super Center (တာမွေ) နှင့် Ocean Super Center (၉မိုင်) တို့ဖြစ်ကြပါသည်။

ယခင်ရရှိထားသောဝိုင်ဖိုင်အခမဲ့နေရာများမှာ ရွှေတိဂုံစေတီတော်၊ နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL)၊ ရန်ကုန်ဘူတာကြီး၊ တပ်မတော်ခန်းမ၊ Lotteria (ခြောက်မိုင်ခွဲ) ၊ Lotteria( China Town ) ၊ Eatfinity Restaurant (Thai Food) ၊ ရွှေကောင်းဟော့ပေါ့ DIY(BBQ& HOTPOT) ၊ OSHABU ၊ HARMONY လှိုင်တက္ကသိုလ်၊ City Mart ဝေဇယန္တာ၊ City Mart မြေနီကုန်း၊ ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင် အပါအ၀င် စားသောက်ဆိုင်များ ၊ လူအများစုသွားလာလေ့ ရှိသော နေရာများ ပါဝင်ကြောင်းသိရသည်။ 

5BB ၏ လက်ရှိ Wifi Zone (၃၄) ခုတွင် Password မရှိဘဲ အသုံးပြုလို သူများအနေဖြင့် 5BB_Free_Wifi_xxx မှတစ်ဆင့် Browser တွင် Accept ခလုတ်နှိပ်ပြီး အသုံးပြုနိုင်မည်ဖြစ်သည်။


ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...