မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Sunday, July 2

♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ " ♫

Image may contain: phone, screen and text

မေး - ဟုတ်ကဲ့။ မင်္ဂလာပါ။ အစ်ကိုတို့ခင်ဗျာ ကျွန်တော့်ဖုန်းက Download ဆွဲတဲ့အခါ File Size ကြီးတာတွေဆို မဒေါင်းဘဲ ရပ်ရပ်နေပါတယ်။ အဲ့ဒါ ဘယ်လိုလုပ်ရမလဲခင်ဗျာ။
ဖြေ - ဟုတ်ကဲ့။ မင်္ဂလာပါဗျာ။ အစ်ကို့ရဲ့ဖုန်းထဲက Download Application ကို အရင်ရှာပါ။ ပြီးရင် ဆော့ဖ်ဝဲရဲ့ အပေါ်ထောင့်မှာရှိတဲ့ အစက် 3 စက်ကနေတဆင့် Setting ကိုဝင်ပြီး Download Size Limit ကို Unlimited ထားပေးလိုက်ရင် ရသွားပါလိမ့်မယ်ခင်ဗျာ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက အားသွင်းရင်တော့ အားဝင်တယ်ဗျာ။ Computer နဲ့ချိတ်ရင်တော့ Device မသိဘူးဖြစ်နေတယ်။ ဘာဖြစ်တာလဲမသိဘူး။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ USB ခေါင်းမကောင်းတာပါ။ USB ခေါင်းမှာပါတဲ့ Data ပင်လေးတွေ ခဲလွှတ်နေတာမျိုး၊ ကျွန်းနေတာမျိုး ဖြစ်နေလို့ပါ။ USB ခေါင်းအသစ်လဲတာမျိုး၊ ခဲပြန်တို့တာမျိုး ပြန်လုပ်ပေးမယ်ဆိုရင် အဆင်ပြေသွားပါလိမ့်မယ်။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက ပါဝါဖွင့်ပြီးရင် Touch တစ်ချက်ပဲဆွဲရပြီး နောက်ထပ်ဆွဲလို့ မရတော့ဘူးခင်ဗျာ။ တစ်ခါတစ်လေကျရင်လည်း Touch က သူပြေးချင်ရာ လျှောက်ပြေးနေတယ်။
ဖြေ - ဟုတ်ကဲ့ဗျာ။ အစ်ကို့ဖုန်းကို Reset အရင်ချကြည့်ပါ။ မရရင် Software ရေးဖို့ လိုပါလိမ့်မယ်။ အဲ့တာမှမရရင်တော့ Touch မှန်လဲမှ အဆင်ပြေပါမယ်။

မေး - ဟုတ်ကဲ့။ မင်္ဂလာပါရှင့်။ ဖုန်းနဲ့တော့ သိပ်မဆိုင်ပါဘူး။ ဒါပေမယ့် ညီမသိချင်တာလေးရှိလို့ပါ။ ဟိုလေ Facebook မှာ Fri မဖြစ်တဲ့သူတွေကို Comment လာမရေးစေချင်လို့ အဲ့ဒါလေ ဘယ်လိုပိတ်လို့ရပါသလဲရှင်။
ဖြေ - ဟုတ်ကဲ့ခင်ဗျာ။ ညီမရဲ့ Facebook Account Setting ထဲကို ၀င်လိုက်ပါ။ ပြီးရင် Follower (or) Public Post ထဲကို ၀င်ပါ။ ပြီးရင် Public Post Comments နေရာမှာ Friend ကို အမှန်ခြစ်ပေးပါ။ ဒါဆိုရင်ရပါပြီ။

မေး - ဟုတ်ကဲ့။ မင်္ဂလာပါအစ်ကိုတို့ခင်ဗျာ။ ကျွန်တော့်ဖုန်းက Mi 5 ပါ။ COC ဆော့ဖို့ Gmail Account ထည့်တာ မရဘူးဖြစ်နေလို့ပါ။ အဲ့ဒါ ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်မလဲခင်ဗျာ။ ကျွန်တော် COC ကစားချင်လို့ပါ။ ကူညီပေးပါဦးခင်ဗျာ။
ဖြေ - ဟုတ်ကဲ့ခင်ဗျာ။ အစ်ကို့ဖုန်းရဲ့ ROM က China ROM ဖြစ်နေလို့ပါ။ အဲ့ဒါဆိုင်ကိုပြန်သွားပြီး Global ROM ချိန်ခိုင်းလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်ခင်ဗျာ။

မေး - အစ်ကိုရေ ကျွန်တော့် Phone က အားသွင်းရင် Power သေသွားတယ်။ အားမသွင်းဘဲသုံးရင် သုံးလို့ရတယ်။ ဘာဖြစ်တာလဲမသိဘူး။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ Phone က အားသွင်းခေါင်းရဲ့ Data Pin တွေ Short ဖြစ်နေတာပါ။ လမ်းကြောင်းစစ်ပေးရမှာပါ။

မေး - iPhone 6S တွေမှာပါလာတဲ့ Force Touch အကြောင်းလေး သိချင်လို့ပါဗျာ။
ဖြေ - ဟုတ်ကဲ့။ အစ်ကိုရေ iPhone 6S တွေမှာပါလာတဲ့ Force Touch ဆိုတာ Touch Screen နောက်ဆုံးပေါ် Technology တစ်ခု ဖြစ်ပါတယ်။ ဖုန်းတွေမှာ Touch Screen သုံးလို့ရလာတာကို 1st Generation လို့ပြောမယ်ဆိုရင် Motion တွေ Gesture သုံးလို့ရမယ်။ Multi-Touch ဆိုတာ 2nd Generation ဖြစ်ပါတယ်။ iPhone 6 မှာပါဝင်လာတဲ့ 3D Touch ဟာ 3rd Generation ဖြစ်ပါတယ်။ ပိုမိုမြန်ဆန်တဲ့ လက်ဗွေအာရုံခံစနစ်ပါဝင်လာပြီး 360° ကနေ စိတ်ကြိုက်အဖွင့်အပိတ် လုပ်နိုင်ပါတယ်။ iPhone 6S ရဲ့ Force Touch ကတော့ လက်ဗွေအသုံးပြုချိန်မှာ User ရဲ့လက်က အားသက်ရောက်မှုတွေကိုပါ အာရုံခံနိုင်ပြီး မိမိစိတ်ကြိုက် Pep and Pop ပေါင်းများစွာကို ဖုန်းမှာ ထည့်သွင်းထားနိုင်ပါတယ်။

မေး - Huawei U8861 ကို Touch ပြားလဲတဲ့အခါ စမ်းတုန်းကတော့ အဆင်ပြေပါတယ်။ ပြန်ပြီးတပ်တဲ့အချိန်ကျရင်တော့ အဆင်မပြေတော့ပါဘူး။ ဘာလို့လဲဆိုတာ သိချင်ပါတယ်ခင်ဗျာ။
ဖြေ - Huawei ဖုန်းတွေမှာ Touch ပြားလဲတဲ့ အချိန်ကျရင်တော့ တစ်ခါတစ်ရံမှာတော့ ဖြစ်တတ်ပါတယ်။ အလုံးတိုင်းလိုလိုတော့ မဟုတ်ပါဘူး။ ဖြစ်ရတဲ့ အခြေခံအကြောင်းအရင်းကတော့ Touch ကလစ်မမိတာ၊ လွတ်သွားတာနဲ့လည်း ဆိုင်ပါတယ်။ ပြီးရင် ဘက်ထရီတပ်ပြီး ပါဝါနှိုးပြီးမှ Touch ကလစ်ကို တပ်တာမျိုးနဲ့လည်း ဆိုင်ပါတယ်။ အကုန်လုံးပြန်ဖြုတ်ပြီးရင်တော့ သေသေချာချာ ပြန်တပ်ကြည့်လိုက်ရင် အဆင်ပြေသွားမှာပါ။



ဤကဏ္ဍကို Today’s Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...