7/07/2017

♪ “သင့် ကွန်ပျူတာကို Login ၀င်ပေးမယ့် Samsung စမတ်ဖုန်းများ” ♫

Image may contain: screen and laptop

Samsung က Google Play Store မှ သူ့ရဲ့ Flow App ကိုအဆင့်မြှင့် ပေးလိုက်ပြီး Windows 10 PC များနဲ့ တွဲဖက် သုံးနိုင်မယ့် Windows Hello ကိုထည့်သွင်းပေးလိုက်ပါတယ်။ အရင်ကတော့ ဒီစွမ်းဆောင်ချက်ကို Galaxy TabPro S မှာသာသုံးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီစွမ်းဆောင်ချက်က စမတ်ဖုန်းမှ လက်ဗွေရာအာရုံခံ ကိရိယာဖြင့် ၀င်းဒိုး ပီစီများကို Login လုပ်ပေးနိုင်ပါတယ်။ အဲဒီအတွက် Password များရိုက်ထည့်စရာမလို တော့ပါဘူး။

Windows Hello ကိုအသုံးပြုနိုင်မယ့် စမတ်ဖုန်း၊ တက်ဘလက်များမှာ Galaxy A5, Galaxy A7, Galaxy Note 5, Galaxy S6, Galaxy S6 Edge, Galaxy S6 Edge Plus, Galaxy S7, Galaxy S7 Edge, Galaxy S8, Galaxy S8 Plus နဲ့ Galaxy Tab S3တို့ ဖြစ်ကြပါတယ်။ လက်ဗွေရာအာရုံခံကိရိယာပါတဲ့ Samsung ရဲ့ နောက်ထုတ်မယ့် စမတ်ဖုန်း၊ တက်ဘလက်များအားလုံးမှာဒီစွမ်းဆောင်ချက်ကိုသုံးနိုင်မှာ ဖြစ်ပါတယ်။

ဒီစွမ်းဆောင်ချက်ကိုသုံးဖို့ Android Marshmallow နဲ့ သူ့အထက်မှာ ထည့်သွင်းထားရမှာဖြစ်ပြီးပီစီမှာလည်း Windows Store ကနေ Samsung Flow App ကိုအင်စတောလုပ်ထားရမှာ ဖြစ်ပါတယ်။ Samsung Flow App ကိုအသုံးပြု၍ စမတ်ဖုန်းမှ Notifications များကို ပီစီကနေ ကြည့်နိုင်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းနဲ့ ပီစီအကြားမှာ ဖိုင်များ ကို Sync လုပ်နိုင်ပါပြီ။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com