မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Friday, August 18

♪ Android ဖုန်းထဲက အချက်အလက်တွေကို iPhone ထဲသို့အလွယ်တကူပြောင်းနိုင်ဖို့ - Android OS to " Move to iOS " ♫

Image may contain: phone


Android ဖုန်းအသုံးပြုနေရာကနေ iOS ဖုန်းပြောင်းသုံးသူတွေအတွက် Android ဖုန်းထဲက အချက်အလက်တွေကို iOS ဖုန်းသစ်ထဲ အလွယ်တကူ ကူးယူရွှေ့ပြောင်းနိုင်ဖို့အတွက် Move to iOS ကို အသုံးပြုနိုင်ပါတယ်။ Android device ထဲမှာ Move to iOS app ကို ထည့်ထားပြီး အဲဒီထဲမှာရှိတဲ့ content တွေကို iOS device တွေဆီ အလိုအလျောက် လုံခြုံစိတ်ချစွာ ကူးယူရွှေ့ပြောင်းနိုင်ပါတယ်။ 

ဘယ်လို content တွေကိုမဆို ကူးယူရွှေ့ပြောင်းနိုင်ပြီး မကူးယူခင်မှာလည်း အဲဒီ content တွေကို အခြားနေရာတစ်ခုခုမှာ save လုပ်ထားစရာ မလိုပါဘူး။ Contact တွေ၊ Message history တွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ Web bookmarks တွေ၊ Mail account တွေ၊ Calender တွေကို စိတ်ချစွာ ကူးယူရွှေ့ပြောင်းနိုင်မှာ ဖြစ်ပါတယ်။ အချက်အလက်တွေကို ရွှေ့ဖို့ ရွေးချယ်လိုက်တာနဲ့ သင့်ရဲ့ iPhone/iPad သစ်က private Wi-Fi network ဖန်တီးပြီး အနီးအနားက Move to iOS အသုံးပြုထားတဲ့ Android device ကို ရှာဖွေပါတယ်။

Security code ရိုက်ထည့်လိုက်တာနဲ့ တစ်ပြိုင်နက် အချက်အလက်တွေကို သင့်တော်တဲ့နေရာဆီ ကူးယူပေးမှာပါ။ သင်အသုံးပြုနေတဲ့ default mail account ကိုလည်း set up လုပ်ပေးပါတယ်။ Android 4.0 နဲ့အထက်တွေမှာ အသုံးပြုနိုင်ပါတယ်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...