မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Sunday, September 17

♪ “Android One” နှင့်ပတ်သတ်သမျှပြည့်ပြည့်စုံစုံလေ့လာနိုင်ဖို့ ♫

Image may contain: phone

နည်းပညာဂုရုကြီး Google အနေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက Android စမတ်ဖုန်း သုံးစွဲသူတွေ မျှော်လင့်လျက်ရှိတဲ့ ပေါင်းစပ်မှုတစ်ခုကို လုပ်ပြခဲ့ပါတယ်။ အဲ့ဒါကတော့ တရုတ်နိုင်ငံအခြေစိုက် စမတ်ဖုန်း ထုတ်လုပ်သူ Xiaomi နဲ့ပူး ပေါင်းပြီးတော့ India နိုင်ငံမှာ Android One စမတ်ဖုန်း Mi A1 ကိုမိတ်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ India နိုင်ငံဟာ လက်ရှိအချိန်မှာ နိုင်ငံတကာမှာရှိတဲ့ မိုဘိုင်းနဲ့ဆက်စပ်ပစ္စည်းထုတ်လုပ် သူတွေရဲ့ မျက်စိကျချင်စရာ ဈေးကွက်တစ်ခုဖြစ်လို့နေပါတယ်။ လူဦးရေ အများဆုံးနေထိုင်တဲ့ နိုင်ငံတွေထဲမှာတခုအပါအ၀င်ဖြစ်ပြီး ဈေးနှုန်း ကြီးမြင့်တဲ့ စမတ်ဖုန်းတွေထက်စာရင် တန်ဖိုးသက်သာတဲ့စမတ်ဖုန်းတွေ ကိုသာ ဦးစားပေးရွေးချယ်လျက်ရှိတဲ့ နိုင်ငံရဲ့မိုဘိုင်းဈေးကွက်ကို အာရှမှာရှိတဲ့ထုတ်လုပ်သူတွေက သူ့ထက်ငါဈေးကွက်လက်ဦးမှု ရရှိအောင်ကြိုးစား လျက်ရှိနေပါတယ်။ ဒီလိုဈေးကွက်လေ့လာသူတွေ ထဲမှာ Google ကလည်း တစ်ဦးအပါအဝင်ဖြစ်ပြီး Android One စမတ်ဖုန်းတွေနဲ့ ဈေးကွက်ရရှိအောင်ဖန်တီးနေပါ တယ်။ ဒါကြောင့်လည်း Google အနေနဲ့ ပထမဆုံး Android One စမတ်ဖုန်းမိတ်ဆက်တဲ့နိုင်ငံ အဖြစ် India ကိုရွေးချယ်ခဲ့တာပါ။ 2014ခုနှစ် Android One မိတ်ဆက် စဉ်တုန်းကလည်း လူကြိုက်များခဲ့ပါတယ်။ Xiaomi နဲ့တွဲဖက်ထုတ်လုပ် လိုက်တဲ့ Mi A1 ကတော့ပိုမိုလူ ကြိုက်များနိုင်ပါတယ်။ ဒါကြောင့် Mi A1 ရဲ့ထူးခြားတဲ့လုပ်ဆောင်ချက်တွေနဲ့ 2014 ခုနှစ်ကစလို့ Android One ဖြတ်သန်းခဲ့ပုံတွေကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ် . . .

<ဘာကြောင့် Android One လို့ခေါ်တာလဲ>

Android One လို့သာလွယ်ကူရိုးရှင်းတဲ့ သတ်မှတ်ချက်တစ်ခုနဲ့ ခေါ်နေကြပေမယ့် သူနဲ့ပတ်သက်တဲ့အချက် အလက်တွေကိုတော့ သိတဲ့သူနည်းပါးပါလိမ့်မယ်။ တကယ်တော့ Android One ဟာ ဈေးသက်သာတဲ့ Comsumer အီလက်ထရောထုတ်ကုန် ဈေးကွက် ရည်ရွယ်စတင်ခဲ့တဲ့ Google ရဲ့ပရောဂျက်တစ်ခုပဲဖြစ်ပါတယ် လက်ရှိ ထွက်နေသမျှဖုန်းတွေကတော့ Android OS နဲ့သွားနေကြတာပါပဲ။ ဈေးကြီးပြီးဖုန်းတွင်းအရည်အသွေး မြင့်မားတဲ့ Device တွေဆိုရင် Android 7.0 လောက်နဲ့လာမယ်၊ ဒီထက် Spec နည်းတဲ့ဖုန်းတွေမှာဆိုရင် Android 5.0 လောက်နဲ့ လာမယ့်ဒီလိုသတ်မှတ်ချက်တွေနဲ့သာသွားနေ တာပါ။ Android One မှာတော့အဲလို မဟုတ်ပါဘူး။ တကယ် Pure Android သုံးသူတွေအတွက်ရည်ရွယ်တာဖြစ်ပြီး လုံခြုံရေးပိုင်းနဲ့ System Update ပိုင်းကို Google ကထိန်းချုပ်တာဖြစ်ပါတယ်။ ဒါကြောင့် Android One စမတ်ဖုန်း တွေဟာ Google ကိုယ်တိုင်ထုတ်လုပ်တဲ့ Nexus ဖုန်းတွေလိုမျိုး OS update ရရှိနိုင်တာပဲဖြစ်ပါတယ်။ Android One စမတ်ဖုန်းတွေကို တရားဝင်မိတ်ဆက်ရောင်းချခဲ့တဲ့နိုင်ငံတွေကတော့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ အင်ဒိုနီး ရှား၊ ဖိလစ်ပိုင်၊ သိရိလင်္ကာ၊ မြန်မာနိုင်ငံနဲ့အခြားအရှေ့တောင်အာရှနိုင်ငံတွေမှာပဲဖြစ်ပါ တယ်။ ထုတ်ကုန်ထုတ်လုပ်မှုအပိုင်းကိုလည်း မျိုးဆက်တစ်ခုချင်းဆီ သတ်မှတ် ထားပြီးတော့ ယနေ့အချိန် Mi A1 မိတ်ဆက်ချိန်မှာတော့ စတုတ္ထမျိုးဆက်ကိုရောက်ရှိလာခဲ့ပါပြီ။ စတင်ထုတ်လုပ်ချိန်က MediaTek SOC ကိုသုံးလာတာကနေနောက် ပိုင်းမှာတော့ Qualcomm Snapdragon ကိုပါသုံးစွဲလာခဲ့ပါတယ်။ တကယ်တော့ Google အနေနဲ့ Android One စမတ်ဖုန်းကိုအခုမှ India မှာစတင်ခဲ့တာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၃နှစ် ၂၀၁၄ခုနှစ် စက်တင်ဘာ ၁၅ရက် နေ့မှာသူတို့ရဲ့ပထမဆုံး Android One သုံးထားတဲ့ဖုန်းကိုမိတ်ဆက်ပေးခဲ့ပါတယ်။ Micromax, Spice, Karbonn လို India အခြေစိုက်ကုမ္ပဏီတွေနဲ့ပူးပေါင်းထုတ်လုပ်ခဲ့ တာဖြစ်ပြီး 4.5inch မျက်နှာပြင်နဲ့အတူ 1.3GHz quad-core MediaTek ပရိုဆက်ဆာကိုသာသုံးထားပါသေးတယ်။ အဲအချိန်တည်းက Google ဟာ India ဈေးကွက်ကို အလုံးစုံအခြေစိုက်ဖို့ကြိုးစားနေတာပါ။ ဒါကြောင့် လည်း ကမ္ဘာစမတ်ဖုန်းရောင်းအားမှာ နံ ပါတ် ၅ ချိတ်င်္ပြီး india နိုင်ငံ စမတ်ဖုန်းဈေးကွက်ရဲ့ 17% ရထားတဲ့ Xiaomi နဲ့ပူးပေါင်းလိုက်တာဖြစ်ပါ တယ်။

<Xiaomi ရဲ့ Android One စမတ်ဖုန်း Mi A1 မှာဘယ်လို ထူးခြားချက်တွေ ပါသလဲ>

ကြိုတင်သတင်းထွက်နေတဲ့ အတိုင်းပဲ Google ဟာတရုတ်စမတ်ဖုန်း ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Xiaomi နဲ့ ပူးပေါင်းပြီးတော့ Pure Android လို့ခေါ်နိုင်မယ့် Android One စမတ်ဖုန်း Mi A1ကိုမိတ်ဆက်ပေးလိုက် ပါပြီ။ အစောပိုင်းသတင်းတွေအရ Dual-Camera ပါဝင်မယ်ဆိုတာ လောက်သာ သိထားကြပေမယ့် Android နဲ့ ချက်ချင်းကြီးပူးပေါင်းလိုက် မယ်လို့ ဘယ်သူမှထင်မှတ်မထားသေးပါဘူး။ အခုတော့ အများထင်မှတ် မထားတာ ကို Xiaomi ကလုပ်ပြလိုက်ပါပြီ။ Power by Google ဆိုတဲ့ အသုံးအနှုန်းကိုအခုဆိုရင် Xiaomi မှာလည်းရနိုင် ပါပြီ။ ဈေးနှုန်းအရ လည်း ဒေါ်လာ234 သာကျသင့်မှာဖြစ်ပါတယ်။ ဈေးနှုန်းကိုကြည့်လိုက် မယ်ဆိုရင် OnePlus 5ထက်တစ်ဝက်နီးပါးသက်သာပြီး၊ iPhone ရဲ့၃ချိုး ၁ချိုးလောက်သာရှိမှာဖြစ်ပါတယ်။ အရောင်ရွေးချယ်မှု အပိုင်းမှာ black,Gold နဲ့ Rose Gold ဖြစ်ကာစက်တင်ဘာ 12ရက်၊ နေ့လည် 12နာရီကစပြီး flipkart နဲ့ Mi.com တို့ကနေစတင်ဝယ်ယူနိုင်တော့မှာဖြစ် ပါတယ်။ ခြွင်းချက်အနေနဲ့ Airtalကွန်ရက်သုံးစွဲသူတွေဝယ်ယူ မယ်ဆိုရင် တော့ 4G ဒေတာကွန်ရက်နဲ့ 200GB ဒေတာလက်ဆောင်ရရှိနိုင်မှာဖြစ်ပါ တယ်။ ကင်မရာပိုင်းမှာ ဆိုရင်တော့ iPhone 7 Plus ကိုယှဉ်နိုင်တယ်လို့ တောင်ဆိုထားပါတယ်။ ဈေးကွက်အရကြည့်လိုက်မယ်ဆိုရင် လည်း India မှာတော်လေးနေရာရနေပြီဖြစ်ပါတယ်။ မျက်နှာပြင်အပိုင်းမှာတော့ 5.5လက်မရှိမှာဖြစ်ပြီး LTPS IPS နည်းပညာကိုသုံးထားပါတယ်။ ပုံရိပ် ဖော်ပြနိုင်စွမ်းကတော့ 1080x 1920pixels နဲ့အတူ 403ppi ဖြစ်တာ ကြောင့် ပုံရိပ်တွေကိုရှင်းလင်းပြတ်သားစွာ မြင်တွေ့ရနိုင်ပါတယ်။

မျက်နှာပြင်ကာကွယ်နိုင်စွမ်းကတော့ Gorilla Glass နဲ့ဖြစ်ပြီး ပရိုဆက်ဆာကတော့ Snapdragon 625 ဖြစ်ကာOcta-Core CPU ရဲ့အမြန်နှုန်းက တော့ 2.0GHz ရှိမှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ Dual-Camera စွမ်းဆောင်ချက်နဲ့ဖြစ်ပြီးတယ်လီပိုတို Lens ဟာ 2x zoom အထိ လုပ်ဆောင်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် Portraits mode နဲ့ပါရိုက်ကူးနိုင်ပါလိမ့်မယ်။ ကင်မရာရဲ့လုပ်ဆောင်ချက်တွေအနေနဲ့ Dual 12MP(26mm,f/2.2;50mm, f/2.6) နဲ့ ဖြစ်ပါတယ်။ အရှေ့ဘက်ကင်မရာ ကိုတော့ လက်ရှိနောက်ဆုံးပေါ်စမတ်ဖုန်းတွေလို အရမ်းကောင်းတာကြီး မသုံးထားဘဲ 5MP သာသုံးထားပါတယ်။ ကွန်ရက်ဆက်သွယ်မူအတွက် ကတော့ Hybrid Dual SIM ဖြစ်ပြီး၊Bluetooth 4.2, wi-fi တို့နဲ့ချိတ်ဆက် သုံးနိုင်ပါလိမ့်မယ်။ ဖုန်းရဲ့လုံခြုံရေးအတွက် လက်ဗွေဖတ်စနစ်ကိုတော့ နောက်ကျော ဘက်ကင်မရာရဲ့ အောက်မှာတပ်ဆင်ပေးထားပါတယ်။ လုံးဝ Pure android ဖြစ်သွားတာကြောင့် ခါတိုင်း Mi UI အပြင်အဆင် ကိုတွေ့ရတော့မှာမဟုတ်ပါဘူး။ လက်ရှိအချိန်မှာတော့ Android 7.1.2 (Nougat) ကိုတပါ တည်းထည့်သွင်းပေးထားပြီး၊ မကြာတော့တဲ့အချိန်မှာ Android 8.0 ကို upgrade လုပ်နိုင်ပါလိမ့်မယ်။ ဘက်ထရီစွမ်းအား ကတော့ Li-ion 3080mAh ဖြစ်ပြီး USB Type-C အမျိုးအစားနဲ့ပါ။ အချက်အလက်သို လှောင်နိုင်စွမ်းအတွက်ကတော့ 64GB ကို 4GB RAM နဲ့မြှင့်တင်ထားပါတယ်။ ဈေးသက်သာတဲ့ Pure Android ဖုန်းရှာနေတယ် ဆိုရင် Mi A1 က သင့်တော်တဲ့ဖုန်းလို့ သတ်မှတ်နိုင်ပါတယ်။

<Android နဲ့မြန်မာနိုင်ငံ>

Google အနေနဲ့၂၀၁၅ခုနှစ်ကဖိလစ်ပိုင်ကုမ္ပဏီ Cherry Mobile နဲ့ပူးပေါင်း ပြီးတော့ Android One စမတ် ဖုန်းကိုမြန်မာနိုင်ငံမှာ မိတ်ဆက်ပေးခဲ့ပါသေးတယ်။ ရက်စွဲအတိအကျကတော့ဇွန်၂၃ ရက် ၂၀၁၅မှာဖြစ်ပါတယ်။ သူ့မှာပရိုဆက်ဆာအနေနဲ့ MediaTek MT6582 SoC ကိုသုံးထားပြီးမျက်နှာပြင် 4.5-inch, 480×854 resolution IPS display ဖြစ်ကာ 1 GB RAM, 8 GB internal storage နဲ့ဂရပ်ဖစ် အတွက် Mali-400 GPU ကိုသုံးထားပါတယ်။ 5 megapixel-rear camera, 2 megapixel အရှေ့ကင်မရာနဲ့ FM Radio, dual SIM support လုပ်ပါတယ်။

<Android One ရဲ့ မျိုးဆက်များ>

<First generation>

<Android One နဲ့ အိန္ဒိယ>

အိန္ဒိယဟာ Android One စမတ်ဖုန်းတွေကိုပထမဆုံးစမ်းသပ်သုံးစွဲခွင့်ရ တဲ့ နိုင်ငံဖြစ်နေပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ Device တွေဟာ အိန္ဒိယမှာသုံးစွဲနေပါပြီ။

<Micromax Canvas A1>

Micromax Canvas A1 တရားဝင်ထုတ်လုပ်တဲ့ ပထမဆုံး Android One ဖုန်းဖြစ်လာပါတယ်။ သူ့ကို ထုတ်လုပ်တာကတော့ Micromax Mobile နဲ့ Google တို့ပဲဖြစ်ပါတယ်။ Micromax Canvas A1 လုပ်ဆောင်ချက်တွေ အနေနဲ့ OSပိုင်းမှာ Android 4.4.4 (KitKat)နဲ့ဖြစ်ပြီး 1.3 GHz quad-core processor သုံးထားပါတယ်။ မျက်နှာပြင်ဟာ 4.5-inch capacitive ဖြစ်ပြီး 1 GB RAM နဲ့အတူ အချက်အလက်သို လှောင်မှုအတွက် 4/8 GB ရွေးချယ်နိုင်ပါတယ်။ ဂရပ်ဖစ်ထောက်ပံ့မှုလည်းပါပြီး Mali-400 GPU ကိုသုံးထား ကာ June 2015တွင်ဈေးကွက်ထဲရောက်လာပါတယ်။ Micromax ရဲ့အရင်ထွက်ထားတဲ့ဗားရှင်းပေါ်မူတည်ပြီးတော့ ထပ်မံ အဆင့်မြှင့်တင်ထားတဲ့ဖုန်းကိုလည်း ရရှိနိုင်နေပြီဖြစ်ပြီး Canvas A1 လို့အမည်ပေးထားပါတယ်။ အချက်အလက်သိုလှောင်နိုင်စွမ်း2ဆအထိ တိုးလာပြီး Android 5.1 Lollipop တပါတည်းထည့်သွင်းပေးထားပါ တယ်။ လက်ရှိအချိန်မှာတော့ ဖုန်း၂မျိုးလုံးဟာ Android 6.0.1 Marshmallow ကို update ပြုလုပ်လို့ရနေ ပါပြီ။

<Karbonn Sparkle V>

Karbonn Sparkle V မှာတော့ Android 4.4.4(KitKat) နဲ့စတင် ထုတ်လုပ်ပေးထားပြီး၊လက်ရှိအချိန်မှာတော့ 6.0.1 Marshmallow ကို OTA upgrade ပြုလုပ်လို့ရနိုင်ပါပြီ။ စွမ်းရည်ပိုင်းမှာတော့ 1.3 GHz quad-core processor နဲ့ဖြစ်ပြီး dual SIM သုံးစွဲနိုင်ပါတယ်။ 1GB RAM နဲ့အတူ 4GB internal storage ရနိုင်ပြီး ဂရပ်ဖစ်ပိုင်းအတွက် Mali 400 GPU ကိုသုံးထားပါတယ်။ မျက်နှာပြင် 4.5-inch မှာ 480×854 pixels ရုပ်ပုံဖော်ပြနိုင်စွမ်းနဲ့ဖြစ်ပြီး ကင်မရာပိုင်းမှာတော့ 5 MP အဓိကကင်မရာ၊ 2MP အရှေ့ကင်မရာသာပါဝင်မှာပါ။ အခြားကွန်ရက် ချိတ်ဆက်နိုင်စွမ်းတွေအနေနဲ့ Wi-Fi 802.11 b/g/n, Bluetooth 4.0, A-GPS နဲ့ microUSB တို့ကိုသုံးနိုင်မှာပါ။ ဘက်ထရီစွမ်းအားကတော့ 1700mAh ဖြစ်ပြီး၊အသင့်အနေအထားအတွက် 160 နာရီနဲ့ ဆက်တိုက် ပြောဆိုနိုင်စွမ်းအတွက် 8 နာရီခံနိုင်စွမ်းရှိမှာပါ။ As part of the Android One ဖုန်းတွေထဲမှာတော့ the Karbonn Sparkle V ဟာ ပထမဆုံးဥရောပမှာဝယ်ယူနိုင်တဲ့ဖုန်းအဖြစ်သတ်မှတ်နိုင်ပြီး လက်ရှိ အချိန်မှာတော့ Marshmallow ကိုupgrade ပြုလုပ်လို့ရနေပါပြီ။

<Spice Dream UNO>

Spice Dream UNO (Mi-498)ကိုတော့ စွမ်းရည်ပိုင်းအတွက် MediaTek SoC ကိုသာသုံးထားပြီး 1.3GHz အမြန်နှုန်းရှိမယ့် quad-core ပရိုဆက်ဆာကို Mali-400 GPU နဲ့တွဲဖက်ပေးထားပါတယ်။ အချက် အလက်သိမ်းဆည်းနိုင်စွမ်းအတွက် 4GB နဲ့ဖြစ်ပြီး၊ ထပ်မံတိုးမြှင့်ချင်ရင် တော့ microSD card ကနေ 32GB အထိလက်ခံ နိုင်စွမ်းရှိပါတယ်။ 1GB of RAM နဲ့သာဖြစ်ကာ dual-SIM သုံးနိုင်မယ့် ဖုန်းအမျိုးအစားပါ။ မျက်နှာပြင်အပိုင်းမှာ 4.5-လက်မနဲ့ FWVGA (480×854 pixels) IPS LCD displayကိုသုံးထားပါတယ်။စတင် ထွက်ခါစက Android 4.4.4 KitKat ဖြစ်ပြီးအခုတော့ Android 6.0.1 Marshmallow ကိုတိုးမြှင့်နိုင်နေ ပါပြီ။ ကင်မရာပိုင်းမှာတော့ 5MP မှာ LED flash တပ်ဆင်ပေးထားပြီး full HD videos တွေရိုက်ကူးနိုင်ပါတယ်။ အရှေ့ဘက်ကင်မရာ 2MP နဲ့ဘက်ထရီစွမ်းအားကတော့ 1700 mAh Li-ion ဖြစ်ပါတယ်။

<အင်ဒိုနီးရှား>

<Mito Impact>

2015ဖေဖော်ဝါရီ Indonesia မှာ ရရှိခဲ့တဲ့ဖုန်းဖြစ်ပါတယ်။ မျက်နှာပြင် ကတော့4.5-inchမှာ 480x854p IPS display နဲ့ဖြစ်ပါတယ်။ ပရိုဆက်ဆာ ကတော့ MediaTek MT6582 SoC နဲ့ 1.3 GHz quad-core Cortex-A7 CPU ကိုသုံးထားပါတယ်။ ဂရပ်ဖစ်ပိုင်းမှာတော့ Mali 400 MP2 GPU ၊ 1 GB RAMဘက်ထရီစွမ်းအား 1780 mAh ရှိမှာဖြစ်ပြီး ကင်မရာပိုင်းမှာလည်း 5 megapixel အဓိကကင်မရာနဲ့ 2 megapixel အရှေ့ဘက် camera တပ်ဆင်ပေးထားပါတယ်။ FM radio လိုင်း နားထောင်နိုင်ပြီး dual SIM ထောက်ပံ့ပါတယ်။ Mito Impact One ရဲ့အဓိကဆွဲဆောင်နိုင်စွမ်းလို့ ဆိုနိုင်တာကတော့ Android Lollipop တပါတည်းသုံးနိုင်တာပါပဲ။

<Evercoss One X>

Google ဆီကနေပဲဒီဇိုင်းပုံစံယူထားပြီးလုံးဝ android စစ်စစ်ဖုန်းဟာ ဒေါ်လာ82သာတန်ဖိုးရှိပါတယ်။ မျက်နှာ ပြင်ကတော့4.5-inchမှာ 480x854p IPS displayနဲ့ဖြစ်ပါတယ်။ ပရိုဆက်ဆာကတော့ MediaTek MT6582 SoC နဲ့ 1.3 GHz quad-core Cortex-A7 CPU ကိုသုံးထား ပါတယ်။ ဂရပ်ဖစ်ပိုင်းမှာတော့ Mali 400 MP2 GPU၊ 1 GB RAM ဘက်ထရီ စွမ်းအား 1780 mAh ရှိမှာဖြစ်ပြီး ကင်မရာပိုင်းမှာလည်း 5 megapixel အဓိက ကင်မရာနဲ့ 2 megapixel အရှေ့ဘက် camera တပ်ဆင်ပေးထားပါတယ်။ FM radio လိုင်းနားထောင်နိုင်ပြီး dual SIM ထောက်ပံ့ပါတယ်။ သူနဲ့ပုံစံတူထွက်လာတဲ့မော်ဒယ်အသစ်ကတော့ အခြေခံအချက်တွေအားလုံး တူညီပြီးအချက်အလက်သိုလှောင်နိုင်မှုမှာ 8GBဖြစ်သွားတာပဲကွာပါတယ်။ Evercoss One X ရဲ့အဓိကဆွဲ ဆောင်နိုင်စွမ်းလို့ ဆိုနိုင်တာကတော့ Android Lollipop တပါတည်း သုံးနိုင်တာပါပဲ။ ဒီဖုန်းနဲ့ပဲလုပ်ဆောင်ချက်တူညီတဲ့ နောက်ထပ်ဖုန်း တစ်လုံး ကတော့ Nexian Journey One ပဲဖြစ်ပါတယ်။ 2015 February 4 နေ့မှာ မိတ်ဆက်ပြသခဲ့တာဖြစ်ပြီး Android 5.1 Lollipop တပါတည်း ထည့်သွင်းပေးထားပါတယ်။

<Second generation>

SoC ပိုင်းမှာတော့ Mediatek MT6582 ကိုသုံးလာပါပြီ

<India: Lava Pixel V1>

2015ဇူလိုင်မှာ Lava အနေနဲ့ 3G ဖုန်း Pixel V1 ကိုစတင်မိတ်ဆက်ခဲ့ပါ တယ်။ 1.3 GHz အမြန်နှုန်း quad-core Mediatek MT6582 ပရို ဆက်ဆာမှာ 2 GB RAMနဲ့ဖြစ်ပြီး Android 6.0 (Marshmallow) ရနိုင်မှာဖြစ်ပါတယ်။

<Indonesia: Infinix Hot 2 X510[edit]>

နိုင်ဂျီးရီးယားမှာမိတ်ဆက်ပြီးတစ်လအကြာ 2015စက်တင်ဘာ28ရက် မှာတော့ ဒုတိယမျိုးဆက် Android One ဖုန်း Infinix Hot 2 X510 ဟာ အင်ဒိုနီးရှား စမတ်ဖုန်းဈေးကွက်ကို ရောက်ရှိလာခဲ့ပါတယ်။ ဒီစမတ်ဖုန်း ကလည်းသူ့မတိုင်ခင်ကမိတ်ဆက်ခဲ့တဲ့ အခြား Android One ဖုန်းတွေနဲ့ တူညီတဲ့လုပ်ဆောင်ချက်တွေနဲ့ ထွက်ရှိ လာတာပါ။ 5 လက်မမျက်နှာပြင် မှာ 720 × 1280p နဲ့ဖြစ်ပြီး 293 ppiရုပ်ပုံဖော်ပြနိုင်စွမ်း၊ မျက်နှာပြင် ကာကွယ်နိုင်စွမ်းအတွက် DragonTrail Glass ကိုသုံးပေးထားပါတယ်။ 2GB RAM၊ 16GB အချက်အလက်သိုလှောင် နိုင် စွမ်းနဲ့ကင်မရာမှာ 8MP စွမ်းရည်ရှိသောအဓိကကင်မရာ၊ 2MP စွမ်းရည်ရှိသောအရှေ့ဘက် camera ကိုသုံးနိုင် မှာပါ။ LED အချက်ပြစနစ်ပါဝင်ပြီး ဘက်ထရီစွမ်း 2200mAh Li-ion နှင့်သပ်ရပ်ကြည့်ကောင်းတဲ့ ကိုယ်ထည် ကိုပိုင်ဆိုင် ထားပါတယ်။ အခြားလုပ်ဆောင်ချက်တွေအနေနဲ့ 6580 MediaTek SoC ကို 1.3 GHz ARM Cortex A7 Quadcore processor မောင်းနှင်ပါ တယ်။ ဂရပ်ဖစ်ပိုင်းမှာ Mali 400MP1 GPU၊ FM Radio၊ Micro SD၊ GPSကိုသုံးနိုင်ပြီး 3G dual micro SIM ထောက်ပံ့ပါတယ်။

<Nigeria: Infinix Hot 2 X510[edit]>

August 18, 2015 မှာ Infinix Mobility အနေနဲ့ Infinix Hot 2 ကိုလာအိုနဲ့ နိုင်ဂျီရီးယားမှာမိတ်ဆက်ခဲ့ပါ တယ်။ flagship စမတ်ဖုန်းဒီဇိုင်းနဲ့ Android One စနစ်ထည့်သွင်းပေးထားတဲ့ဒီဖုန်းကို နိုင်ဂျီရီးယားနိုင်ငံရဲ့ အကြီးမား ဆုံးအွန်လိုင်းစတိုး Jumia ကနေ ရောင်းချပေးခဲ့တာပါ။ Infinix Hot 2 မှာတော့ ပရိုဆက်ဆာပိုင်းမှာ 1.3GHz Quadcore နဲ့အတူ 5-inch HD double glass screen တပ်ဆင်ပေးထားပြီး dual-SIM support လုပ်ပါတယ်။ 16GB ROM မှာ Android 5.1.1 Lollipop တစ်ပါတည်း ထည့်သွင်းပေးထားပြီး 1GB RAM နဲ့ 2GB RAM ဆိုပြီးရွေးချယ်နိုင်မှာပါ။ အရှေ့ဘက်ကင်မရာငယ်ကတော့ 2MP နဲ့ဖြစ်ပြီး၊အဓိကကင်မရာကို တော့ 8MP တပ်ဆင်ပေးထားပါတယ်။ 2016ခုနှစ်ပထမလေးလပတ် အတွင်းမှာတင် Android version 6.0 ကိုတိုးမြင့် ရရှိခဲ့ ပါတယ်။

<Third generation>

<SoC: Qualcomm Snapdragon 617>

<Turkey: General Mobile 5 Plus>

2016ခုနှစ်ဖေဖော်ဝါရီ 22ရက်မှာ General Mobile ဟာသူတို့ရဲ့ ဒုတိယမျိုးဆက် Android One စမတ်ဖုန်းကို Mobile World Congress မှာကြေညာခဲ့ပါတယ်။ GM 5 Plus မှာ Snapdragon 617 octacore ပရိုဆက် ဆာနဲ့ဖြစ်ပြီး 3GB of RAMမှာ 13 MP ကို နောက်ကျောနဲ့ အရှေ့ဘက်2ခုလုံးမှာတပ်ဆင်ပေးထားပါတယ်။ USB Type-C ကိုတိုးမြင့် သုံးထားပြီး 3100mAh ဘက်ထရီစွမ်းအားနဲ့ပါ။ Android One ဖုန်းတွေ ထဲမှာ ပထမ ဆုံး သော USB Type-C port သုံးတဲ့ဖုန်းဖြစ်ပါတယ်။ GM 5 Plus ကိုတူရကီနိုင်ငံနဲ့အတူ နိုင်ငံပေါင်း16 နိုင်ငံမှာ မိတ်ဆက်ရောင်းချ ခဲ့ပါတယ်။

<Fourth generation>

<SoC: Mediatek MT6737T>

<Turkey, Netherlands, Italy: General Mobile 6>

General Mobile ကနေပဲ GM 6 Mobile World Congress 2017 မှာမိတ်ဆက်ပြသခဲ့ပါတယ်။ 5.0-inch မျက်နှာပြင်မှာ720p ရုပ်ပုံ ဖော်ပြနိုင်စွမ်းနဲ့ဖြစ်ပြီး 3GB RAM သုံးထားပါတယ်။ ဘက်ထရီ စွမ်းအားပိုင်းမှာတော့ 3000mAh နဲ့ဖြစ်ပြီး fingerprint ကိုပါထည့်သွင်း ပေးထားပါတယ်။ 2017ဇူလိုင်မှာတော့ နယ်သာလန်နဲ့ အီတလီနိုင်ငံတွေ မှာ တရားဝင်ရောင်းချပေးခဲ့ပါတယ်။ SoC: Qualcomm Snapdragon 435

<Japan: Y!Mobile Sharp X1>

ဂျပန်နိုင်ငံအတွက်ထုတ်လုပ်ခဲ့တဲ့ဖုန်းဖြစ်ပြီးနည်းပညာကုမ္ပဏီ Sharp နဲ့ပူးပေါင်းခဲ့တာပါ။ ဖုန်းမော်ဒယ်နာမည် ကို X1 လို့ပေးထားပါတယ်။ ဇွန်30, 2017 မှာဂျပန်နိုင်ငံမှာရောင်းချခဲ့ပြီး နောက်ဆုံးထွက် Android 7.1.2 ကို သုံးစွဲနိုင်မှာဖြစ်ပါတယ်။ မျက်နှာပြင် 5.3လက်မနဲ့ HD အရည် အသွေး 1920×1080 IGZO display နည်းပညာကို သုံးထားပြီး IP68 ကြောင့်ရေစိုခံ၊ အကြမ်းခံနိုင်စွမ်းရှိမှာဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...