မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Friday, September 15

♪ Apple မှ ဈေးချပေးလိုက်တဲ့ iPhone Models များကို ဈေးနှုန်းများဖော်ပြ ♫


Apple မှ iPhone 8,iPhone 8 Plus,iPhone X တို့ကလွဲရင် အရင်က ထွက်ရှိထားတဲ့ Models တွေ ကို ဈေးချပေးလိုက်တယ်လို့သိရပါတယ်။ဒီလိုဈေးချပေးထားတဲ့ဖုန်းအမျိုးအစားနဲ့ လက်ရှိထွက်တဲ့ ဖုန်းတွေ ရဲ့ ဈေးနှုန်းကို အစဉ်လိုက်ဖော်ပြပေးခဲ့ပါတယ်။

4-inch ဆိုဒ်ရှိတဲ့ iPhone SE ရဲ့ လျှော့ချတဲ့ ဈေးနှုန်းအသစ်က ဝယ်ယူသူတွေအနေနဲ့ ထိုက်တန်မှု ရှိတယ်လို့ဆိုရမှာပါ။iPhone SE ရဲ့ 32GB version ကို $349 ရောင်းချသလို 128GB ကို $ 449 နဲ့ စတင်ရောင်းချလိုက်ပါတယ်။

iPhone 6s နဲ့ iPhone 6s Plus တို့ဟာ အလယ်အလတ်တန်းစားထက်အနည်းငယ်ပိုမြင့်တဲ့ Device တွေဖြစ်ပြီး 32 နဲ့ 128 GB ဆိုပြီး ထွက်ရှိတာဖြစ်ပါတယ်။iPhone 6s ကို $449 နဲ့ ရောင်းချပြီး iPhone 6s Plus ကို $ 549 နဲ့ ရောင်းချလိုက်ပြီဖြစ်ပါတယ်။

iPhone 7 နဲ့ iPhone 7 Plus မှာလည်း 32 နဲ့ 128 GB ရှိပြီး iPhone 7 ကို $ 549 နဲ့ရောင်းချပြီး 7 Plus ကို $669 နဲ့ရောင်းချတာဖြစ်ပါတယ်။ iPhone 8 ရဲ့ ဈေးနှုန်းက 64 GB အတွက် $699 ဖြစ်ပြီး 256 GB က $ 849 ဖြစ်ပါတယ်။iPhone ရဲ့ Upgrade Program အတွက် တစ်လကို 34.50 ဒေါ်လာကျသင့် မှာဖြစ်မှာဖြစ်ပါတယ်။

iPhone X ကို ပြည်ပရောင်းဈေးအနေနဲ့ 64GB $999 နဲ့ရောင်းချပြီး 256GB ကို $1149 ရောင်းချတာဖြစ်ပါတယ်။64 GB အတွက် upgrade program ဟာ တစ်လကို $ 49.91 ဖြစ်ပါတယ်။ 256 GB အတွက် upgrade program က $ 56.16 ဖြစ်ပါတယ်။



Credit to ==>> Digital Times




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...