မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Sunday, September 17

♪ “ဘက်ထရီမလိုတဲ့ ဆဲလ်ဖုန်း” ♫

Image may contain: one or more people, phone and text

iPhone X ထက် လန်းတာကတော့ ဘက်ထရီမလိုတဲ့ ဆဲလ်ဖုန်း ဖြစ်ပါတယ်။ သူ့ကိုအားသွင်းပေးစရာမလိုဘဲ ပတ်ဝန်းကျင်မှ စွမ်းအင် များကိုသူကရယူအသုံးပြုခြင်း ဖြစ်ပါတယ်။ အဲဒီဆဲလ်ဖုန်းဟာ Google Faculty Research Program ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး U.S. National Science Foundation ကလည်းဒေါ်လာ ၂ သန်းရင်းနှီးမြှုပ်နှံ ထားပါတယ်။ ဆဲလ်ဖုန်းကိုဖန်တီးတဲ့ VamsiTalla က ဖုန်းပြောဆိုဖို့ အတွက် Board တစ်ခုထဲကိုအသုံးပြုထားပါတယ်။ တီထွင်သူအဖွဲ့က Jeeva Wireless မှာအဲဒီဆဲလ်ဖုန်းကိုမိတ်ဆက်ခဲ့ပါတယ်။

အဲဒီဆဲလ်ဖုန်းဟာ Skype ကနေတောင် ဖုန်းပြောနိုင်ပါတယ်။ ဖုန်းဟာ ပတ်ဝန်းကျင်မှ အလင်းရောင်နဲ့ ရေဒီယိုလှိုင်းများကနေစွမ်းအင်ကို ရယူ အသုံးပြုခြင်း ဖြစ်ပါတယ်။ Base Station မှ ရေဒီယိုလှိုင်းများကို ပြုပြင် ခြင်း၊ ရောင်ပြန်ဟပ်ခြင်းဖြင့် ဖုန်းပြောနိုင်စေတဲ့ Backscattering နည်းပညာကိုသူ့မှာထည့်သွင်းထားပါတယ်။ ဖုန်းဟာ 3 microwatts power ကိုသာစားသုံးပြီးလက်ရှိစမတ်ဖုန်းများစားသုံးတဲ့ စွမ်းအင် ပမာဏထက် အဆပေါင်း ၁၀၀၀ လောက် လျော့နည်းပါတယ်။

Talla က အနာဂတ်မှာဒီနည်းပညာကိုဆဲလ်ဖုန်းအများစုမှာထည့်သွင်းနိုင် မယ်လို့ ယုံကြည်နေပါတယ်။ Talla က ဘက်ထရီမပါတဲ့ ဖုန်းမှာ စမတ်ဖုန်းအလုပ်များလုပ်နိုင်ဖို့အတွက် E-Ink Display ကိုတပ်ဆင်ဖို့ စီစဉ်နေပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...