မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Mogok

Wednesday, September 20

♪ " Download အကြိမ်ရေ သန်းချီရှိသည့် အန္တရာယ်ရှိသော Android Apps များကို Google မှ ဖယ်ရှားခဲ့ " ♫

No automatic alt text available.

Check Point လုံခြုံရေးကုမ္ပဏီမှ သုတေသနများအရ Google Play Store တွင် malware များပါဝင်သည့် app 50 ကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ အဆိုပါ malware ကို download ရယူမှု 1 သန်းမှ 4.2 သန်းထိရှိခဲ့ပြီးမှ အဆိုပါ app ကို ဖယ်ရှားနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ virus များသည် အခမဲ့ wallpaper ၊ ကင်မရာနှင့် ဗီဒီယို editing app များ ပုံစံအယောင်ဆောင်ထားပြီး အန္တရာယ်များကြောင်း သိရသည်။

Malware များသည် မှားယွင်းသုံးစွဲမိသူအား ငွေပေးရသော ၀န်ဆောင်မှုများတွင် လျှို့ဝှက်အမည်ပေးသွင်း တတ်သလို text message အတုများကိုလည်း ပေးပို့တတ်သည်။ Check Point မှာ အဆိုပါ malware ကို Expensive Wall ဟု အမည်ပေးခဲ့ပြီး အကြောင်းမှာ အများစုသည် wallpaper အတုများဖြစ်နေသောကြောင့် ဖြစ်သည်။ Expensive Wall သည် ဇန်န၀ါရီတွင် MeAfee မှ Google Play တွင် ရှာတွေ့ခဲ့သည် malware ၏ မျိုးဆက်အသစ်ဖြစ်သည်။ အဆိုပါ malware အားလုံးကို download ရယူခဲ့သည့် အကြိမ်အရေအတွက်မှာ 5.9 သန်းမှ 21.1 သန်းထိရှိနိုင်ကြောင်း Check Point မှ ဖော်ပြခဲ့သည်။ 

Google ကို အဆိုပါအန္တရာယ်ရှိသော app များကို အကြောင်းကြားပြီး အလျင်အမြန်ဖယ်ရှားပေးခဲ့သော်လည်း ရက်ပိုင်းအတွင်း apps အတုများ ထပ်မံတိုးပွားလာခဲ့ပြီး Google မှ မဖယ်ရှားနိုင်မီ အကြိမ်ရေ 5000 နှင့် အထက် download ရယူမှုများ ရှိခဲ့သည်။ App အတုများသည် Google Play Proket ကိုကျော်ဖြတ်၍ ၀င်ရောက်နိုင်ကြောင်း သိရှိရသည်။ 


မိုးထက်

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...