မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Sunday, September 17

♪ “Huawei Mate 10 အတွက် မော်ဒယ် ၃ မျိုးထုတ်လုပ်ထား” ♫

Image may contain: phone

Huawei က အောက်တိုဘာလ ၁၆ ရက်နေ့မှာ Mate 10 ကိုမိတ်ဆက်မှာ ဖြစ်ပါတယ်။ Mate 10 ကိုမော်ဒယ် ၃ မျိုးထုတ်လုပ်ထားတယ်လို့ Huawei ရဲ့ ထုတ်ကုန်များကို ဖြန့်ချိတဲ့ ကုမ္ပဏီတစ်ခုကပြောပါတယ်။ အရင်တုန်း ကတော့ မော်ဒယ် ၂ မျိုးထွက်ရှိမယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။ မော်ဒယ် ၃ မျိုးမှာ Standard Mate 10 ၊ ဘေးဘောင်မဲ့ Mate 10 Pro နဲ့ တန်ဖိုးနည်း Mate 10 Lite တို့ ဖြစ်ကြပါတယ်

Huawei Mate 10 မှာ ၅.၉ လက်မ IPS LCD Full HD Display တပ်ဆင် ထားမယ်လို့ သတင်းထွက်နေပါတယ်။ အနောက်ဘက်မှာ Leica ရဲ့ ကင်မရာ ၂ လုံးတပ်ဆင်ထားနိုင်ပါတယ်။ Home Button အောက်မှာ လက်ဗွေရာအာရုံခံကိရိယာကို မြှုပ်နှံထားပါတယ်။

ဘေးဘောင်မဲ့ မော်ဒယ်မှာEntireView Display တပ်ဆင်ထားမယ်လို့ သိရပါတယ်။ အဲဒီမော်ဒယ်ဟာ Mate 10 Pro ဖြစ်ပြီးမျက်နှာပြင်မှာ AMOLED အမျိုးအစား ဖြစ်ပါတယ်။ ကင်မရာဟာ Mate 10 နဲ့ တူညီနိုင် ပါတယ်။ လက်ဗွေရာအာရုံခံကိရိယာကိုအနောက်မှာထည့်သွင်းထားမှာ ဖြစ်ပါတယ်။ နောက်ဆုံးထုတ် Kirin 970 Chipset မောင်းနှင်မှာ ဖြစ်ပါ တယ်။ Mate 10 Lite မှာ ၅.၉ လက်မ Full HD Display တပ်ဆင်ထားမှာ ဖြစ်ပြီးအနောက်ဘက်မှာ Leica ရဲ့ ကင်မရာများပါလာနိုင်ပါတယ်။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...