မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Mogok

Tuesday, September 19

♪ နေကာမျက်မှန်တပ်ထားရင်တောင် အလုပ်လုပ်တဲ့ iPhone X ရဲ့ Face ID ♫


Apple က Face ID ရဲ့ အလုပ်လုပ်ပုံကို အီးမေးကနေတစ်ဆင့် ပြောကြားလိုက်ပါတယ်။ iPhone X ရဲ့ Face ID ဟာ နေကာမျက်မှန် အများစုနဲ့ အလုပ်လုပ်တယ်လို့ ကုမ္ပဏီရဲ့ ဆော့ဖ်ဝဲ အင်ဂျင်နီယာချုပ်ဖြစ်သူ Craig Federighi က ပြောပါတယ်။ သူက “ နေကာမျက်မှန် အများစုဟာ Face ID က သင့် မျက်လုံးကို မြင်ရစေတဲ့ IR Light ကို ဖြတ်သန်းစေပါတယ်။ “ လို့ ရှင်းပြပါတယ်။ 

Apple က စက်တင်ဘာလ ၁၂ ရက်နေ့မှာ Face ID ကို မိတ်ဆက်စဉ်မှာ iPhone X ပိုင်ရှင်ဟာ ဦးထုပ်၊ ပါဝါ မျက်မှန်နဲ့ အခြား အရာဝတ္ထုများ ဆင်မြန်းထားခြင်း၊ မိတ်ကပ်လိမ်းခြယ်ထားခြင်း၊ မုတ်ဆိတ်မွှေးများ ပေါက်လာခြင်းများ ပြုလုပ်ထားရင်တောင် Face ID က မှတ်မိတယ်လို့ ပြောပါတယ်။ နေကာမျက်မှန်ကိုတော့ အဲဒီအချိန်က ပြောကြားခြင်း မရှိခဲ့ပါဘူး။ 

သူခိုးတစ်ယောက်က iPhone X ကင်မရာကို ပိုင်ရှင်ရဲ့ မျက်နှာသို့ ချိန်ရွယ်ပြီး ဖုန်းကို ခိုးယူသွားနိုင်သလားဆိုတဲ့ မေးခွန်းကို Federighi က ဖြေကြားထားပါသေးတယ်။ သူက “ အဲဒီအတွက် ဖြေရှင်းနည်း ၂ ခု ရှိပါတယ်။ သင်ဟာ ဖုန်းကို မကြည့်နေရင် ဖုန်းက Unlock ဖြစ်မှာ မဟုတ်ပါဘူး။ နောက်တစ်နည်းက သင်ဖုန်းကို လူတစ်ယောက်ထံ ပေးစဉ်မှာ ဘေးနှစ်ဖက်မှ ခလုတ်များကို ပြိုင်တူ နှိပ်လိုက်ရင် Face ID ကို ခဏတာ Disable လုပ်ပေးမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...