မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Mogok

Wednesday, September 20

♪ “iPhone X ရဲ့ Face ID ကိုနေကာမျက်မှန်တပ်ထားရင်တောင် အသုံးပြုနိုင်” ♫

Image may contain: 1 person


Apple က စက်တင်ဘာလ ၁၂ ရက်နေ့မှာ iPhone X ကို မိတ်ဆက်စဉ်မှာပိုင်ရှင်ဟာဦးထုပ်၊ မျက်မှန်နဲ့ အခြား အရာဝတ္ထုများ ဆင်မြန်းထားခြင်း၊ မိတ်ကပ်လိမ်းခြယ်ထားခြင်း၊ မုတ်ဆိတ်မွှေးများ ပေါက်လာခြင်းများစတဲ့ အခြေအနေများမှာ Face ID ကိုအသုံးပြုလို့ ရတယ်လို့ ရှင်းပြခဲ့ပါတယ်။ ဒါပေမယ့် နေကာမျက်မှန်ကို ၀တ်ဆင်ထားရင် Face ID က ပိုင်ရှင်ကိုခွဲခြားနိုင်မလားဆိုတာကိုတော့ မပြောခဲ့ပါဘူး။

အခုတော့ Developer တစ်ဦးကနေကာမျက်မှန် ၀တ်ဆင်ထားရင် Face ID က အလုပ်လုပ်မလားဆိုတာနဲ့ သူခိုးတစ်ယောက်က iPhone X ကင်မရာကိုပိုင်ရှင်ရဲ့ မျက်နှာသို့ ချိန်ရွယ်ပြီးဖုန်းကိုခိုးယူသွားနိုင်သလား ဆိုတဲ့ မေးခွန်းကိုကုမ္ပဏီရဲ့ ဆော့ဖ်ဝဲ အင်ဂျင်နီယာချုပ်ဖြစ်သူ Craig Federighiကိုအီးမေးကနေမေးမြန်းခဲ့ပါတယ်။ Federighi က သူ့ရဲ့ မေးခွန်းများကိုအီးမေးကနေစာပြန်ခဲ့ပါတယ်။

စာပြန်လိုက်တဲ့ အီးမေးမှာFederighi ကIR Light ကိုနေကာမျက်မှန် အများစုက ဖြတ်သန်းနိုင်စေတဲ့အတွက် နေကာမျက်မှန်တပ်ဆင်ထားရင် တောင် Face ID က အလုပ်လုပ်တယ်လို့ ရေးသားထားပါတယ်။ ဒါ့အပြင် သူခိုးများ iPhone X ကိုအလွယ်တကူခိုးယူလို့မရအောင် ဖြေရှင်းနည်း ၂ ခုကိုသူကရှင်းပြပါတယ်။

သူက “သင်ဟာဖုန်းကိုမကြည့်နေရင် ဖုန်းက Unlock လုပ်မှာမဟုတ် ပါဘူး။ နောက်တစ်နည်းကသင်ဖုန်းကို လူတစ်ယောက်ထံပေးစဉ်မှာ ဘေးနှစ်ဖက်မှ ခလုတ်များကို ပြိုင်တူ နှိပ်လိုက်ရင် Face ID ကိုခဏတာ Disable လုပ်ပေးမှာ ဖြစ်ပါတယ်။” လို့ ပြောပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...