မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Wednesday, September 13

♪ စက်တင်ဘာလ ၁၂ မှာ မိတ်ဆက်မယ့် iPhone X , iPhone 8 နဲ့ iPhone 8 Plus ♫


လွန်ခဲ့တဲ့ လပေါင်းများစွာ ကတည်းက Apple ဒီညမှာ မိတ်ဆက်မယ့် iPhone အသစ်များရဲ့ အမည် အပါအ၀င် သတင်းအချက်အလက်များစွာ ပေါက်ကြားထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းအရ ကျွန်တော်တို့ သိထားခဲ့တဲ့ iPhone အသစ်များရဲ့ အမည်များဟာ တက်တက်စင်အောင် လွဲမှားသွားခဲ့ပါပြီ။

Software Developer ဖြစ်သူ Steven Troughton-Smith က iOS 11 ရဲ့ ကုဒ်များထဲမှာ iPhone အသစ်များရဲ့ အမည်များကို တွေ့ရတယ်လို့ ထောက်ပြပါတယ်။ ကုဒ်များအရ Apple ရဲ့ ၁၀ နှစ်ပြည့် အထူးထုတ် iPhone ကို iPhone X လို့ အမည်ပေးထားမှာပါ။ အခြား ဖုန်း ၂ လုံးကို iPhone 8 နဲ့ iPhone 8 Plus လို့ အမည်ပေးထားပါတယ်။ ယခင်ထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းများအရ ၁၀ နှစ်ပြည့် အထူးထုတ် iPhone ကို iPhone 8 နဲ့ အခြား ဖုန်း ၂ လုံးကို iPhone 7S နဲ့ iPhone 7S Plus လို့ အမည်ပေးထားမယ်လို့ သိခဲ့ရပါတယ်။

Apple က iPhone 8 Event ကို စက်တင်ဘာလ ၁၂ ရက်နေ့ 10am PST (1pm EST/6pm BST) အချိန်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ မြန်မာအချိန်အားဖြင့် စက်တင်ဘာလ ၁၂ ရက်နေ့ ည ၁၁ နာရီခွဲ ၀န်းကျင် ဖြစ်မှာပါ။ ပွဲချိန်ဟာ ၂ နာရီဝန်းကျင် ကြာမြင့်မှာ ဖြစ်ပြီး Apple ရဲ့ ၀က်ဆိုက်နဲ့ Apple TV အတွက် ထုတ်လုပ်ထားတဲ့ Apple Event App ကနေ ကြည့်ရှုနိုင်ပါတယ်။ အွန်လိုင်းကနေ ကြည့်ရှုနိုင်မယ့် အသေးစိတ်သတင်းအချက်အလက်ကို ဒီလင့်ကနေ လေ့လာပါ။




Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...