မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Mogok

Tuesday, September 19

♪ Lenovo က တန်ဖိုးနည်း တက်ဘလက် အသစ် ၄ လုံးကို မိတ်ဆက် ♫


Lenovo က တက်ဘလက် အသစ် ၄ လုံးကို မိတ်ဆက်လိုက်ပါတယ်။ Tab 4 8, Tab 4 8 Plus, Tab 4 10 နဲ့ Tab 4 10 Plus တို့ ဖြစ်ပြီး Android Nougat ထည့်သွင်းထားပါတယ်။

LENOVO TAB 4 10 PLUS
• 10.1-inch Full HD display
• Qualcomm Snapdragon 625 octa-core processor
• Up to 64GB of storage
• Up to 4GB of RAM
• 8MP rear, 5MP front-facing camera
Tab 4 10 Plus ဟာ တက်ဘလက် ၄ လုံးထဲမှာ စွမ်းရည်အမြင့်မားဆုံး ဖြစ်ပါတယ်။ Adreno 506 GPU , 7000mAh Battery နဲ့ Dolby Atmos Support များပါတဲ့ အရှေ့ စပီကာ ၂ လုံး တပ်ဆင်ထားပါတယ်။ တန်ဖိုးအနည်းဆုံးမော်ဒယ်ကို ၂၇၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

LENOVO TAB 4 10
• 10.1-inch 1280 x 800 display
• Qualcomm Snapdragon 425 quad-core processor
• 16GB storage
• 2GB of RAM
• 8MP rear, 5MP front-facing camera
Tab 4 10 ဟာ Plus Model ရဲ့ ဈေးသက်သာတဲ့ မော်ဒယ် ဖြစ်ပါတယ်။ Plus Model နဲ့ အရွယ်အစား တူညီပေမယ့် Processor က အားနည်းပါတယ်။ Plus Model မှာလို လက်ဗွေရာ အာရုံခံ ကိရိယာ မပါပါဘူး။ သူ့ရဲ့ ဈေးနှုန်းကို မသိရသေးပါဘူး။

LENOVO TAB 4 8 PLUS
• 8-inch Full HD display
• Qualcomm Snapdragon 625 octa-core processor
• Up to 64GB of storage
• Up to 4GB of RAM
• 8MP rear, 5MP front-facing camera
Tab 4 8 Plus ဟာ Tab 4 10 Plus ရဲ့ အရွယ်သေး မော်ဒယ် ဖြစ်ပြီး Specifications များ တူညီကြပါတယ်။ ပါဝါခလုတ်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။ 4850mAh Battery ပါပြီး အနက်နဲ့ အဖြူရောင်များ ထုတ်လုပ်ပေးထားပါတယ်။

LENOVO TAB 4 8
• 8-inch 1280 x 800 display
• Qualcomm Snapdragon 425 quad-core processor
• 16GB storage
• 2GB of RAM
• 5MP rear, 2MP front-facing camera
Tab 4 8 ကတော့ တက်ဘလက် အားလုံးထဲမှာ စွမ်းရည် အနိမ့်ဆုံးနဲ့ တန်ဖိုးအနည်းဆုံး ဖြစ်ပါတယ်။



Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...