မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Tuesday, September 12

♪ Mi Mix 2 , Mi Note 3 တို့နဲ့အတူ မိတ်ဆက်မယ့် Xiaomi Mi Notebook Air 2 ♫


Xiaomi က Mi Mix 2 ကို စက်တင်ဘာလ ၁၁ ရက်နေ့မှာ မိတ်ဆက်မယ်လို့ အတည်ပြုထားပါတယ်။ ဒါပေမယ့် ပေါက်ကြားထွက်ပေါ်လာတဲ့ သတင်းများအရ ရှောင်မီက Mi Mix 2 နဲ့အတူ Mi Notebook Air 2 ကိုလည်း မိတ်ဆက်မယ်လို့သိရပါတယ်။ အဲဒီပွဲမှာ Mi Note 3 ကို မိတ်ဆက်မယ့် သတင်းစကားများကို ရှောင်မီရဲ့ ပူးတွဲတည်ထောင်သူ Lin Bin က တရုတ်လူမှုကွန်ရက် ၀ီဘိုမှာ အရိပ်အမြွက်ကြေညာခဲ့ပြီးပါပြီ။ ဒါပေမယ့် လက်တော့ အသစ်ကို အဲဒီပွဲမှာ မိတ်ဆက်မလားဆိုတာကို ကုမ္ပဏီက ပြောကြားခြင်း မရှိသေးပါဘူး။ 

ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းအရ Mi Notebook Air 2 မှာ ၁၅.၆ လက်မ မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး Screen Resolution ကိုတော့ မသိရသေးပါဘူး။ လက်တော့ဟာ 4G LTE ကို ထောက်ပံ့မှာ ဖြစ်တဲ့အတွက် အင်တာနက် အသုံးပြုဖို့ 4G နဲ့ ၀ိုင်ဖိုင် ၂ ခုစလုံးကို အသုံးပြုနိုင်ပါတယ်။

Xiaomi Mi Notebook Air 2 အတွက် RAM နဲ့ Storage အပိုင်းမှာ မတူညီတဲ့ ပမာဏများ ပါတဲ့ မော်ဒယ်များစွာကို ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ 20V/2.25A or 20V/3.25A charger ထည့်သွင်းထားနိုင်ပြီး 45W or 60W Power Supply ကို ထောက်ပံ့နိုင်ပါတယ်။ ။ ရှောင်မီက အဲဒီလက်တော့ကို ဧပြီလလယ်ကတည်းက စတင် ထုတ်လုပ်မယ်လို့ ယခုနှစ် အစောပိုင်းက သတင်းထွက်ခဲ့ဖူးပါတယ်။




Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...