မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Wednesday, September 13

♪ OPPO က မြန်နှုန်းမြင့်စွမ်းဆောင်ချက်မျိုးဖြင့် အသုံးပြုနိုင်စေ မည့် A71 ♫


OPPO က မြန်နှုန်းမြင့်စွမ်းဆောင်ချက်မျိုးဖြင့် အသုံးပြုနိုင်စေ မည့် A71 စမတ်ဖုန်းသစ်ကို မိတ်ဆက် ရောင်းချပေးသွားမည်

ရန်ကုန်၊ စက်တင်ဘာလ (၁၁)ရက် ။  ။ ကင်မရာဖုန်းအမှတ်တံဆိပ်ဖြစ်သည့် OPPO က တန်းဖိုးသင့်ဈေးနှုန်း၊ စွမ်းဆောင်ရည်မြင့် Octa-core CPU၊ 3GB RAM နှင့် 3000mAh battery တို့ပါဝင်သည့် A71 စမတ်ဖုန်း သစ်ကို မြန်မာ ပြည်ဈေးကွက်အတွက် လာမည့်စက်တင်ဘာလ ၂ဝရက်မှစတင်ကာ တစ်နိုင်ငံလုံးတွင် မိတ်ဆက်ရောင်း ချပေးသွားမည်ဖြစ်သည်။ OPPO A71 မှာ Octa-core processor၊ ပိုမိုချောမွေ့ပြေပြစ်သည့်ထိတွေသုံး စွဲမှုစနစ်တို့ ပံ့ပိုးပေးထားသည့် စက်အတွင်းပိုင်းဆိုင်ရာလုပ်ဆောင်မှုများတွင် တီထွင်ဆန်းသစ်မှုများရယူထားသလို ရှေ့ကင်မရာ ပိုင်းအတွက် Beautify 4.0 ပါဝင်သည့် OPPO ၏ ပင်မဓာတ်ပုံဆိုင်ရာနည်းပညာနှင့် အဆင့်မြှင့်တင်ထားသော  နောက်ကင်မရာတို့ကိုပါ ထည့်သွင်းတပ်ဆင်ပေးထားသည်။ ထို့အပြင် OPPO A71 ၏ ပါးလွှာသေးသွယ်သည့် သတ္တုစပ် uni-body ကိုယ်ထည်မှာ အမြင်အာရုံတွင် ပေါ်လွင် ထင်ရှားမှုရှိစေမည်ဖြစ်သည်။ OPPO A71 ၏ဈေးနှုန်းမှာ ၂၄၉,ဝဝဝ ကျပ်ဖြစ်ပြီး ရွှေရောင်နှင့် အနက်ရောင်၂မျိုးကို ရွေး ချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

 ပါးလွှာသေးသွယ်သော Uni-body ဒီဇိုင်းနှင့် စွမ်းဆောင်ရည်မြင့် entry-level စမတ်ဖုန်း
OPPO A71 တွင် HD အရည်အသွေးရှိ ၅.၂ လက်မမျက်နှာပြင်ကိုအသုံးပြုထားပြီး ဂိမ်းကစားခြင်း၊ video ကြည့်ရှုခြင်း များကို မြင်ကွင်းကျယ်ကျယ်ဖြင့် အသုံးပြုနိုင်စေမည်ဖြစ်သည်။ ပါးလွှာသော သတ္တုစပ် uni-body ကိုယ်ထည် ဒီဇိုင်းမှာလည်း လက်ထဲတွင်ကိုင်ဆောင်အသုံးပြုရာတွင် သက်သောင့်သက်သာရှိစေမည်ဖြစ်သည်။ အဆင့်မြှင့်တင်ပေး ထားသည့် 64-bit Octa-core CPU မှာ app တစ်ခုနှင့်တစ်ခုအကြား ပြောင်းလဲအသုံးပြုခြင်းနှင့် multitasking စနစ်တို့ကို ပိုမိုချောမွေ့မြန်ဆန်စွာအသုံးပြုနိုင်စေရန်  ထောက်ပံ့ပေးထားသည်။ 4G စနစ်သုံး SIM ကဒ်၂ ကဒ်ကို တစ်ပြိုင်တည်းထည့်သွင်းအသုံး ပြုနိုင်စေသည့်အပြင် built-in storage 16GB ကိုလည်း 256GB အထိထပ်တိုးအ သုံးပြုနိုင်စေမည်ဖြစ်သည်။

Android 7.1 ပေါ်တွင်အခြေခံထားသည့် Color OS 3.1 စနစ်က လုံခြုံပြီး သက်သောင့်သက်သာရှိစေ မည့်ထိတွေ့သုံးစွဲမှုကို ပေးစွမ်းနိုင်

OPPO A71 တွင် Version သစ် Color OS 3.1 ကိုအသုံးပြုပေးထားပြီး ဖုန်းထိတွေ့သုံးစွဲမှုစနစ်ကို အသစ်တစ်ဖန်အဆင့်  မြှင့်တင်ပေးထားသည့်အတွက် ပိုမိုမြန်ဆန်ကာ ပိုမိုလုံခြုံမှုရှိစေမည်ဖြစ် သည်။ ငွေပေးချေမှုဆိုင်ရာအခြေအနေများတွင် Color OS 3.1 က လုံခြုံမှုအပြည့်အဝရှိစေမည့် လက်ကွက် keyboard စနစ်ကို အသုံးပြုထောက်ပံ့ပေးထားမည်  ဖြစ်သည်။ ထို့အပြင် မျက်နှာပြင်ကို၂ခုခွဲ၍ အ့သုံးပြုနိုင်စေမည့် split-screen စနစ်၊ မျက်စိကိုကာကွယ်ပေးမည့် eye protection display စနစ် အစရှိသည့် လုပ်ဆောင်ချက်များကိုလည်း OPPO A71 တွင်ရယူအသုံးပြုနိုင်မည်ဖြစ်သည်။





Credit to ==> Digital Times
 

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...