မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Sunday, September 17

♪ " Vivo V7+ Smartphone ကို စက်တင်ဘာလအတွင်း တရားဝင် မိတ်ဆက်ပေးမည် " ♫

Image may contain: 3 people, people smiling

Endorsed by : Vivo

Vivo V7+ Smartphone ကို စက်တင်ဘာလအတွင်း တရားဝင် မိတ်ဆက်ပေးမည်ဖြစ်သည်။ Vivo အနေဖြင့် ၎င်းတို့၏ ထုတ်ကုန်သစ်ကို ယခုလအတွင်းမှာပင် ခမ်းနားသိုက်မြိုက်စွာဖြင့် မိတ်ဆက်ပေးနိုင်ရန်အတွက် product launching ကို စီစဉ်နေပြီဖြစ်ကြောင်း Vivo Myanmar မှ တရားဝင် သတင်းထုတ်ပြန်ပေးခဲ့သည်။ ယခုတစ်ကြိမ် မိတ်ဆက်ရောင်းချမည့် ထုတ်ကုန်သစ် V7+ မှာ ယခင် V5 series ထက် ပိုမိုကောင်းမွန်သည့် စွမ်းဆောင်ရည်များ၊ Feature များ ပါဝင်လာမည်ဖြစ်သည်။ ယခုတစ်ကြိမ် မိတ်ဆက်ရောင်းချမည့် V7+ မှာ High end product ဖြစ်ကြောင်း Vivo က အတည်ပြုခဲ့သည်။

ထို့အပြင် Vivo အနေဖြင့် အဆိုပါထုတ်ကုန်ကို နောက်ထပ်တစ်ဆင့် မြင့်မားလာမည့် စမတ်ဖုန်းအသုံးပြုမှု အတွေ့အကြုံများ ပေးအပ်ရန်အတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ FullView Display ဖြစ်သည့် V7+ သည် ကျဉ်းမြောင်းသည့် ဘောင်များကို အသုံးပြုထားပြီး ဖုန်းကိုယ်ထည် အထက်နှင့်အောက်တွင်လည်း နေရာလွတ်အနည်းငယ်သာ ချန်လှပ်ထားသည်ကို တွေ့ရသည်။ ထို့ကြောင့် မျက်နှာပြင် အကျယ်အ၀န်းသည် ယခင်ကထက် ပိုမိုကျယ်ပြန့်လာမည်ဖြစ်ကြောင်း သိရှိရသည်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...