မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Wednesday, December 7

♪ " LG Stylus 2 " ♫


အလယ်အလတ်တန်းစား phablet ဖုန်းအမျိုးအစားတစ်ခုဖြစ်တဲ့ LG Stylus 2 ဟာ ရိုးရှင်းတဲ့ဒီဇိုင်းပုံစံရှိပါတယ်။ လုပ်ဆောင်ချက်စွမ်းရည်မြင့်မားပြီး အလွန်အသုံးဝင်တဲ့ Stylus pen လည်း ထောက်ပံ့ပေးထားပါတယ်။ 

Display resolution က အနည်းငယ်နည်းပြီး ဈေးနှုန်းကတော့နည်းနည်းမြင့်ပါတယ်။ GSM, HSPAနဲ့ LTE networks တွေမှာသုံးစွဲနိုင်ပြီး Single SIM နဲ့ Dual SIM version ၂မျိုးကို ခွဲခြားထုတ်လုပ်ပေးထားပါတယ်။ ထည့်သုံးရမယ့် SIM card အမျိုးအစားကတော့ Micro SIM ပါ။ ဖုန်းအရွယ်အစားက 155×79.6×7.4 mm ရှိပြီး 145g လေးပါတယ်။ ထောက်ပံ့ပေးထားတဲ့မျက်နှာပြင်က 720×1280 pixels ရှိတဲ့ မြင်ကွင်းတွေကို ပြသနိုင်ပြီး multitouch စနစ်ကိုလည်း သုံးစွဲနိုင်ပါတယ်။

Qualcomm MSM8916 Snapdragon 410 chipset နဲ့ Quad-core 1.2 GHz Cortex-A53 processor တို့ကိုထည့်သွင်းထားပြီး Adreno 306 graphics card ကိုသုံးထားပါတယ်။ Removable Li-Ion 3000 mAh battery က နာရီပေါင်း ၂၀ခန့် ဖုန်းဆက်တိုက်ပြောနိုင်ပြီး ရရှိနိုင်တဲ့အရောင်တွေက Titan, White နဲ့ Brown တို့ဖြစ်ပါတယ်။

Specification
Display : 5.7 inch, IPS LCD capacitive touchscreen
Memory : 16 GB, 1.5 GB RAM, microSD, upto 128GB
Camera : 13MP, autofocus, LED flash, Geo-tagging, touch focus
OS : Android OS, v6.0 (Marshmallow)
Phone : 09-73171212 (UNiQUE)
Price : 295,000/-

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

♪ " ၂၀၁၇ ခုနှစ်အတွက် Barcamp Yangon တွင် Barcamp Yangon Mobile App ကို အသုံးပြုနိုင်ဖွယ်ရှိ " ♫


၂၀၁၇ ခုနှစ်အတွက် Barcamp Yangon တွင် ပွဲသို့တက်ရောက်သူများသည် Barcamp Yangon Mobile App ကို အသုံးပြုနိုင်ဖွယ်ရှိကြောင်း သိရှိရသည်။ Barcamp Yangon PR Team မှ ကိုဇော်ဇော်မျိုးလွင်က " ယခုနှစ်မှာတော့ နည်းပညာပိုင်းများဖြင့် ထူးခြားအောင် လုပ်ဆောင်ပေးသွားဖို့ ရှိပါတယ်။

Mobile App မှာ Barcamp Yangon နဲ့ပက်သတ်တဲ့အချက်အလက်တွေကို အလွယ်တကူကြည့်ရှုနိုင်အောင် စီစဉ်ပေးမှာဖြစ်ပါတယ်။ ပွဲကာလမှာ အသုံးပြုနိုင်အောင် ကျွန်တော်တို့ အခုကတည်းက ကြိုးစားလုပ်ဆောင်နေပါတယ်။ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလထဲမှာ ပွဲတက်ရောက်ခွင့် online register ပြုလုပ်လို့ ရပါလိမ့်မယ်။ Barcamp ရဲ့ ထုံးစံအတိုင်း မည်သူမဆို လွတ်လပ်စွာ တက်ရောက်ပါဝင်ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ် " ဟု ပြောသည်။

ယခုအခါကျင်းပပြုလုပ်ပေးမည့် Barcamp Yangon ပွဲမှာ ၈ ကြိမ်မြောက်ဖြစ်ပြီး Barcamp Yangon 2017 ကို ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ MICT Park ၌ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

♪ " Samsung Galaxy Note 5 " ♫


Samsung Galaxy Note 5 ဟာ ကြီးမားကျယ်ပြန့်တဲ့ မျက်နှာပြင်၊ အလွန်အသုံးဝင်တဲ့ Stylus pen, ကောင်းမွန်လှပတဲ့ ကင်မရာအရည်အသွေးတွေကိုပေးစွမ်းနိုင်တဲ့ အကောင်းဆုံး Android ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။ ၎င်းထုတ်လုပ်တဲ့အချိန်က အကောင်းဆုံးဆိုတဲ့ hardware နဲ့ software တွေကိုထည့်သွင်းပေးထားပြီး မြင်ကွင်းစွမ်းအား အလွန်ကောင်းပါတယ်။ GSM, HSPA နဲ့ LTE networks တွေမှာအသုံးပြုနိုင်ပြီး Nano SIM card ကို ထည့်သွင်းသုံးစွဲနိုင်ပါတယ်။ လျင်မြန်တိကျတဲ့ fingerprint sensor ကလည်း အခြားသူတွေဝင်ရောက်အသုံးပြုလို့မရအောင် ဖုန်းကိုလုံခြုံစွာကာကွယ်ပေးထားနိုင်ပါတယ်။ အထဲမှာ Non-removable Li-Po 3000mAh battery ကိုထောက်ပံ့ပေးထားပြီး နာရီပေါင်း ၂၂နာရီလောက် ဖုန်းဆက်တိုက်ပြောဆိုနိုင်ပြီး ၆၄ နာရီခန့်ကြာမြင့်စွာ သီချင်းနားထောင်နိုင်ပါတယ်။ Data တွေကိုသိမ်းဆည်းဖို့အတွက် Internal memory 32GB, 64GB နဲ့ 128GB ဆိုတဲ့ version ၃မျိုးကို ခွဲခြားထုတ်လုပ်ပေးထားပြီး ထပ်မံတိုးချဲ့စိုက်သုံးဖို့ micro SD card slot ကိုတော့ ထည့်သွင်းမပေးထားပါဘူး။

" Design & Build "

၎င်းင်းရဲ့ဒီဇိုင်းပုံစံက ပထမထုတ်လုပ်ပေးထားတဲ့ Note 4 နဲ့ အခြေခံတည်ဆောက်တဲ့ ဒီဇိုင်းပုံစံတူပေမယ့် အနောက်ဘက်ကို ပလပ်စတစ်နဲ့လုပ်ထားတဲ့ faux leather ကိုမသုံးတော့ဘဲ glass နဲ့ ဖုံးအုပ်ပေးထားပါတယ်။ ၎င်း glass sheet က metal frame ထဲကို သေသပ်စွာဝင်ရောက်သွားပြီး Galaxy S6 အတိုင်း ပြုလုပ်ပေးထား တာကိုတွေ့ရပါတယ်။ အရွယ်အစားက 153.2×76.1×7.6mm ရှိပြီး 171g အလေးချိန်ရှိပါတယ်။ ၎င်းကို metal နဲ့ glass တို့ပေါင်းစပ်လုပ်ထားတာတောင် Note 4 ထက် ပိုမိုပါးလွှာပေါ့ပါးမှုလည်းရှိပါတယ်။ ငွေရောင် အလူမီနီယံဘောင်နဲ့ပြုလုပ်ပေးထားပြီး ညာဘက်မှာ power button နဲ့ ဘယ်ဘက်မှာ အသံအတိုးအကျယ်ခလုတ်တွေရှိပါတယ်။ မျက်နှာပြင်ရဲ့ အောက်ဘက်မှာ ပုံမှန်ထည့်ပေးနေကျအတိုင်း home button နဲ့ ဘေးတစ်ဘက်တစ်ချပ်မှာ soft keys ၂ခုကိုထည့်ပေးထားပါတယ်။ ၎င်း home button မှာ fingerprint sensor ကိုထည့်သွင်းထားပြီး Google Now Call-Up ကို အသုံးပြုဖို့အတွက် home button ကို အကြာကြီးဖိနှိပ်ထားရပါမယ်။ အောက်ဘက်ဘောင်မှာ micro USB charger, headset jacks နဲ့ S Pen holster တို့တည်ရှိပြီး အပေါ်ဘက်ဆုံးမှာတော့ SIM card tray ကိုမြင်တွေ့ရမှာပါ။ ရွေးချယ်ဝယ်ယူနိုင်တဲ့ အရောင်တွေက အမဲရောင်၊ ရွှေရောင်၊ ငွေရောင်နဲ့ အဖြူရောင်တို့ ဖြစ်ပါတယ်။

" Display "

5.7-inch ကျယ်တဲ့ မျက်နှာပြင်ကို Super AMOLED Capacitive touchscreen နဲ့ပြုလုပ်ပေးထားကာ 1440×2560 pixels ရှိတဲ့ full HD မြင်ကွင်းတွေကို ပြသနိုင်ပါတယ်။ ၁ လက်မသိပ်သည်းဆပမာဏကတော့ ~518 တောင် ရှိပါတယ်။ မျက်နှာပြင်ပေါ်မှာ multitouch စနစ်ပါရှိပြီး ၎င်းမျက်နှာပြင်ကို Corning Gorilla Glass 4 နဲ့ ဖုံးအုပ်ကာကွယ်ထားတာကြောင့် အကြမ်းလည်းခံနိုင်ပါတယ်။

" Operating System and Camera "

Android OS,v5.1.1(Lollipop) ကို run ပေးထားပြီး OS,v6.0.1(Marshmallow) ထပ်မံအဆင့်မြှင့်တင်နိုင်ပါတယ်။ အနောက်ကင်မရာက 16MP ရှိပြီး 30fps မှာ 2160p နဲ့ 60fps မှာ 1080p အရည်အသွေးရှိဗီဒီယိုတွေကို ရိုက်ကူးပေးနိုင်ပါတယ်။ 5MP ရှိတဲ့ အရှေ့ကင်မရာက လှပတဲ့ selfies ဓာတ်ပုံတွေကိုပေးစွမ်းနိုင်ပြီး 30fps မှာ 1440p အရည်အသွေးရှိဗီဒီယိုတွေကို ရရှိနိုင်မှာပါ။

" Performance "

ကိုယ်ထည်အတွင်းထဲမှာ ထောက်ပံ့ပေးထားတဲ့ Exynos 7420 Octa chipset နဲ့ Octa-core (4x2.1 GHz Cortex - A57 & 4x1.5 GHz Cortex - A53) processor က တိကျလျင်မြန်တဲ့ လုပ်ဆောင်ချက်တွေကိုရရှိစေနိုင်ပြီး ဘယ်လောက်လေးတဲ့ apps တွေကို အများကြီးဖွင့်ပါစေ စက်ဟမ်းသွားခြင်း မရှိစေနိုင်ဘဲ နောက်ဆုံးပေါ် online ဂိမ်းကြီးတွေကိုလည်း အဆင်ပြေပြေ ကစားနိုင်ပါတယ်။ ကျယ်ပြန့်တဲ့ မျက်နှာပြင်၊ ကောင်းမွန်တဲ့ မြင်ကွင်းစွမ်းအားတွေနဲ့ လျင်မြန်တိကျတဲ့ လုပ်ဆောင်ချက်တွေကြောင့် online ကနေ e-books တွေကိုလည်း အေးအေးဆေးဆေးဖတ်ရှုနိုင်မှာပဲဖြစ်ပါတယ်။

Specification
Display : 5.7 inch, Super AMOLED capacitive touchscreen
Memory : 32 / 64 GB, 4 GB RAM
Camera : 16MP, autofocus, LED flash, geo-tagging, touch focus
OS : Android OS, v5.1.1 (Lollipop)
Phone : 01-224502 (CTM)

Price : 800,000/-

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

♪ " Huawei Mate 9 VS LG V20 " ♫


ဒီတစ်ပတ်အတွက် နှိုင်းယှဉ်ကြည့်မယ့် အဆင့်မြင့်စမတ်ဖုန်း ၂ လုံးကတော့ LG V20 နဲ့ Huawei Mate 9 ပဲ ဖြစ်ပါတယ်။ Huawei P9 နဲ့ Honor 8 ပြီးနောက်မှာ Huawei Mate 9 ဟာ တတိယမြောက် နောက်ဆုံးပေါ် စမတ်ဖုန်းတစ်လုံး ဖြစ်လာပါတယ်။ Mate 9 မှာ အခုလက်ရှိကုမ္ပဏီတွေက အပြိုင်အဆိုင်ထည့်သွင်းပေးနေ ကြတဲ့ နောက်ဆုံးပေါ်ဖုန်းတစ်လုံးရဲ့ specs တစ်ခုဖြစ်တဲ့ Dual-lens Camera Setup ကို တပ်ဆင်ပေးထားပြီး အခြားအဆင့်မြင့် specs တွေနဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ feature တစ်ခု ပါရှိပါတယ်။ ဒါပေမဲ့ သူ့ကို အကောင်းဆုံးဖုန်းလို့ ပြောလို့မရနိုင်အောင် ၄င်းဖုန်းနဲ့စွမ်းအားချင်း အနည်းငယ်တူညီတဲ့ LG V20 လည်း ရှိပါသေးတယ်။

LG V20 မှာလည်း Dual-lens camera စနစ်ပါရှိပေမယ့် Huawei Mate 9 ရဲ့ ကင်မရာက ထောက်ပံ့ပေးနိုင်တဲ့ MP ပိုများတာကို တွေ့ရပါတယ်။ ဒါ့အပြင် Huawei Mate 9 က ဘက်ထရီစွမ်းအားပိုင်းမှာလည်း ပိုမိုမြင့်မားမှုရှိပါတယ်။ မျက်နှာပြင်အကျယ်မှာတော့ Mate 9 က 0.2-inch ပိုကျယ်ပေမယ့် ပေးစွမ်းနိုင်တဲ့ မြင်ကွင်းစွမ်းအားနဲ့ သိပ်သည်းဆပမာဏကတော့ LG V20 က ပိုမိုစွမ်းအားမြင့်မားပါတယ်။

* Design *

1. Huawei Mate 9
Huawei Mate 9 ရဲ့ကိုယ်ထည်ကို သတ္တုနဲ့ပြုလုပ်ပေးထားပြီး ဒီဇိုင်းပုံစံက အထူးဆွဲဆောင်မှုရှိပါတယ်။ အရွယ်အစားက 156.9 x 7.8 x 7.9 mm ရှိပြီး 190g တောင် လေးပါတယ်။ ဒါ့အပြင် ရွေးချယ်စရာအရောင် ၆ ရောင် ခွဲခြားထုတ်လုပ်ပေးထားပါတယ်

2. LG V20
LG V20 ကို အလူမီနီယံနဲ့ ပြုလုပ်ထားတဲ့အတွက် Mate 9 ထက် ပိုမိုပေါ့ပါးမှုရှိပြီး အထူအားဖြင့် ပိုလည်းပါးလွှာတာကြောင့် ကိုင်တွယ်သုံးစွဲရတာ ပိုမိုအဆင်ပြေပါတယ်။ ရရှိနိုင်တဲ့အရောင်တွေကတော့ မီးခိုးရောင်၊ ငွေရောင်နဲ့ ပန်းရောင်တို့ ဖြစ်ပါတယ်။

* Processor *

1. Huawei Mate 9
အတွင်းထဲမှာ RAM 4GB ပါရှိတဲ့ 2.4GHz Hisilicon Kirin 960 Octa-core processor နဲ့ Mali-G71 MP8 Graphics Card ရဲ့စွမ်းအားတွေကိုလည်း အပြည့်အဝရရှိနိုင်ပြီး နောက်ဆုံးပေါ် OS ကို run ပေးထားပါတယ်။

2. LG V20
LG V20 မှာတော့ 2.15GHz Qualcomm Snapdragon 820 quad-core processor ကို ထည့်သွင်းပေးထားပြီး ထောက်ပံ့ပေးထားတဲ့ RAM က အတူတူပဲ ဖြစ်ပါတယ်။ အသုံးပြုထားတဲ့ Graphic card က Adreno 530 ဖြစ်ပါတယ်။

* Display *

1. Huawei Mate 9
မျက်နှာပြင်အကျယ် 5.9-inch ရှိပြီး IPS LCD capacitive touchscreen display အမျိုးအစားကို သုံးစွဲထားပါတယ်။ ပြသပေးမယ့် မြင်ကွင်းစွမ်းအားက 1080 x 1920 pixels ရှိပြီး ၁ လက်မ သိပ်သည်းဆက ~373 ppi pixels ပမာဏ ရှိပါတယ်။

2. LG V20
LG V20 မှာ Mate 9 နဲ့ display အမျိုးအစားချင်း တူညီပေမယ့် ထုတ်လွှတ်ပေးနိုင်တဲ့ မြင်ကွင်းစွမ်းအားက ပိုမိုကောင်းမွန်ပြီး သိပ်သည်းဆလည်း ပိုမိုမြင့်မားပါတယ်။ ဒါပေမဲ့ ဖုန်း ၂ ခုလုံးမှာ multitouch စနစ်ကို သုံးစွဲနိုင်ပါတယ်။

* Verdict *

1. Huawei Mate 9
Huawei Mate 9 က ပြီးပြည့်စုံတဲ့ flagship ဖုန်းတစ်လုံးရဲ့စွမ်းအားတွေကို ထောက်ပံ့ပေးနိုင်ပြီး ကောင်းမွန်တဲ့ ကင်မရာစွမ်းရည်တွေကို အပြည့်အဝ သုံးနိုင်ပါတယ်။ မျက်နှာပြင်ကြီးမားကျယ်ပြန့်မှုကြောင့် ဂိမ်းကစားရတာတွေနဲ့ ဗီဒီယိုတွေ ကြည့်လို့ကောင်းပေမယ့် လက်တစ်ဖက်တည်းနဲ့ ကိုင်တွယ်ထိန်းချုပ်ဖို့တော့ ခက်ပါတယ်။

2. LG V20
LG V20 ကတော့ အရွယ်အစား၊ အထူအပါး၊ အလေးချိန်တွေက ကိုင်တွယ်သုံးစွဲလို့ကောင်းတဲ့ ဖုန်းအမျိုးအစားထဲမှာပါရှိပြီး ၄င်းမှာလည်း Mate 9 လို Software ပိုင်းရော၊ Hardware ပိုင်းမှာပါ နောက်ဆုံးပေါ် အဆင့်မြင့် specs တွေ၊ features တွေနဲ့ ပစ္စည်းတွေကို ထောက်ပံ့ပေးထားမှာပဲ ဖြစ်ပါတယ်။





NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

♪ “Lenovo K5 Note” ♫


Lenovo ဟာ K series များကို မိတ်ဆက်ပေးထားပြီး အခုဖုန်းကို K5 Note Pro လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ အသုံးပြုနိုင်မယ့် Network အမျိုးအစားမှာ 2G, 3G, 4G ဖြစ်ပါတယ်။ ဖုန်းကိုယ်ထည်အရွယ်အစားပမာဏကတော့ 152 × 75.7 × 8.5 mm ဖြစ်ကာ အလေးချိန်မှာ 165g ရှိပါတယ်။ ဆင်းကတ် နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားဖြစ်ပါတယ်။

ထည့်သွင်း သုံးစွဲရမယ့် ဆင်းကတ်အရွယ်အစားကတော့ Nano Sim ပါ။ ဖုန်းမျက်နှာပြင် အတွက် LTPS IPS LCD Capacitive Touch Screen ကို အသုံးပြုပေးထားပါ တယ်။ ဖုန်းမျက်နှာပြင်အကျယ်အ၀န်းကတော့ 5.5 inches ရှိပါတယ်။ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏကတော့ 1080 × 1920 ဖြစ်ပါတယ်။ အဓိကကင်မရာဟာ 13 MP, f/2.2 စွမ်းရည်ရှိပြီး Dual LED (Dual Tone) Flash စနစ်လည်း ပါရှိပါတယ်။ ရှေ့ကင်မရာငယ် ကတော့ 8MP စွမ်းရည်ဖြစ်ပါတယ်။ Selfie ရိုက်ကူးမှုအတွက် ပုံရိပ်ကောင်း များကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ ဗီဒီယိုရိုက်ကူးနိုင်မယ့် စွမ်းရည်ကတော့ 1080p ဖြစ်ကာ နှုန်းမှာ တစ်စက္ကန့်ကို 30 Frames ဖြစ်ပါတယ်။

အသံပိုင်းစနစ်တွင် Dolby Atmos audio enhancement , 24-bit/192 kHz audio , Active noise cancellation with dedicated mic စနစ်များလည်း ပါရှိပါတယ်။ ဖုန်းရဲ့မှတ်ဥာဏ်ပမာဏအပိုင်း တွင် RAM ဟာ 3 သို့မဟုတ် 4GB ပါရှိပါတယ်။ Internal Storage အနေဖြင့် 32GB ပါရှိအောင် ဆောင်ရွက် ပေးထား ပါတယ်။ အချက်အလက်အများအပြား သိမ်းဆည်းလိုပါက မှတ်ဥာဏ် ပမာဏကို ချဲ့ထွင်အသုံးပြုရပါမယ်။ Cardslot စနစ်ကို အသုံးပြု၍ မှတ်ဥာဏ်ပမာဏကို 256GB အထိ ချဲ့ထွင်သုံးစွဲနိုင်ပါမယ်။ 


ဖုန်းတွင်ပါရှိသော Android Version ကတော့ Lollipop ဖြစ်ပါတယ်။ ထည့်သွင်းပေးထားသော Chipset အမျိုးအစားမှာ Mediatek MT 6755 Helio P 10 ဖြစ်ကာ CPU စွမ်းရည်ကတော့ Octa core (4×1.8 GHz Cortex - A 53 & 4 × 1.0 GHz Cortex - A 53) ဖြစ်ပါတယ်။ ထို့ကြောင့် ဖုန်းကိုအသုံးပြုတဲ့အခါတွင် လျင်မြန် သွက်လက်ပါမယ်။ GPU အမျိုးအစား ကတော့ Mali-T 860 MP 2 ပါ။ ဖုန်းများ တွင် လုံခြုံရေးစနစ်မြင့်မားစေရန် သက်ဆိုင်ရာ ဖုန်းကုမ္ပဏီများသည် နည်းစနစ်အမျိုးမျိုးကို ဆန်းသစ်တီထွင်ထည့်သွင်းပေးလာကြပါတယ်။ လူသုံး များသော လုံခြုံရေးစနစ်ကတော့ လက်ဗွေရာ အသုံးပြုမှုဖြစ်ပါတယ်။

ဖုန်း အများစုတွင် Finger Print ပါရှိလာရာ ယခု K5 Note တွင်လည်း ထိုစနစ်ကို အသုံးပြုနိုင်ပါမယ်။ အဆိုပါ လက်ဗွေရာဖတ်စနစ်ကို ဖုန်း၏အနောက်ဘက် တွင် ထည့်သွင်းပေးထားပါတယ်။ အား သွင်းအသုံးပြုရမယ့် ဘက်ထရီ အမျိုးအစားကတော့ Li-Po 3500 mAh ဖြစ်ပါတယ်။ ထိုဘက်ထရီဟာ အသင့်အနေအထားတွင် နာရီ ၅၀၀ နီးပါးနှင့် 3G Network တွင် စကား ပြောဆိုရန် ၂၇ နာရီနီးပါး ခံနိုင်စွမ်းရှိအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဖုန်း အရောင်ကွဲများကိုလည်း ထုတ်လုပ်ပေးထားပါတယ်။

<Specification>

Network - GSM/HSPA/LTE
Processor - Octa Core
Screen - 5.5 inches
Camera - 13 MP
Bluetooth - v 4.1
Storage - 32 GB
OS - Android OS, v5.1
Contact - 01-381035

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

♪ “အရှိန်အဟုန်ရလာပြီဖြစ်တဲ့ အွန်လိုင်းအရောင်းစနစ်” ♫


အခမဲ့သုံးစွဲနိုင်သည်ဆိုသော်လည်း တကယ့်ကို အရေးပါလှပြီး မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အလွန်တရာ အရေးကြီးလှသော အရာတစ်ခု က ဘာဖြစ်မယ်ထင်ပါသလဲ။ အဲဒါကတော့ ကိုယ့်ရဲ့ လုပ်ငန်းတွေ၊ ကိုယ်ရောင်းချနေတဲ့ ထုတ်ကုန်တွေ၊ ၀န်ဆောင်မှုတွေ၊ ဖွင့်လှစ်နေတဲ့ သင်တန်းတွေ စတာတွေကို လူပေါင်းစုံသိရှိနိုင်စေဖို့ အွန်လိုင်းနဲ့ မိုဘိုင်း ချိတ်ဆက်မှုများမှတစ်ဆင့် ဖြန့်ဝေအသိပေးနေဖို့ပါ။ ထင်သာမြင်သာရှိတဲ့ ဥပမာကိုပြရမယ်ဆိုလျှင် ယနေ့မှဖြစ်တဲ့ စိတ်ဝင်စားဖွယ်ရာ သတင်းတစ်ပုဒ်ကို လူတွေက နေ့ချင်းဆိုသလိုသိရှိကြပါတယ်။ အဓိက,ကတော့ Facebook ကပဲ ဖြစ်ပြီး အထူးသဖြင့် နာမည် ကျော် သတင်းဂျာနယ်များက တင်ပေးနေတဲ့ အတွက်ပဲဖြစ်ပါတယ်။ အင်္ဂလိပ်စာတတ်ရင်တော့ တစ်ကမ္ဘာ့လုံးမှာ ဘာတွေ ဖြစ်နေသလဲ ချက်ချင်းသိနိုင်မှာ ဖြစ်ပါတယ်။

တကယ်တော့ ကျွန်တော်တို့က လူတွေထဲကို ပြန့်နှံ့ရောက်ရှိဖို့ကို လူမှုကွန်ရက် တွေအသုံးပြုရာမှ Facebook ကို အဓိက သုံးစွဲကြပါတယ်။ Page တွေ ထောင်ပြီးတော့ပေါ့။ ကျွန်တော်တို့အနေနဲ့ Page တစ်ခုလုပ်ရတာက အခမဲ့ပါ။ အလားတူစွာပဲ Twitter, Youtube, LinkedIn, Tumblr, Pintrest, Google Plus စတာတွေများစွာရှိပါတယ်။ အားလုံးက အခမဲ့ပါ။ Blog တွေ ဘာတွေ ဆိုရင်လည်း အခမဲ့ပါပဲ။ ပြီးတော့ လွယ်လင့်တကူအသုံးပြုနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လုပ်ငန်းတစ်ခုကိုပိုင်ဆိုင် ထားတယ်ဆိုပါတော့။ ဥပမာ မိုဘိုင်းနဲ့ အိုင်တီပစ္စည်းအရောင်း ဆိုင်ဆိုလျှင် မိမိတို့ဆိုင်နဲ့ ပတ်သက်တဲ့ Facebook Page တစ်ခု သာမက ဆိုခဲ့သောအခြားနေရာများမှာလည်း Account လုပ်ကာ တစ်ပြေးညီတင်ပေးနေသင့်ပါတယ်။ ဖြစ်နိုင်လျှင်တော့ မိမိ လုပ်ငန်းအတွက် Website တစ်ခုနှင့် Android, iOS, Windows စတဲ့ Platform ပေါင်းစုံအတွက် Apps လေးတွေလုပ်ထား သင့်ပါတယ်။

အများစုကတော့ Website တွေလုပ်ထားပေမယ့် Apps တွေလုပ်ထားတဲ့ လုပ်ငန်းတွေက တော်တော်လေးကို ရှားပါး သေးတယ်လို့ ထင်ပါတယ်။ ကျွန်တော်က Sony ဖုန်းလေးတစ်လုံးကိုင်ပါတယ်။ ဒါနဲ့ Sony နဲ့ ပတ်သက်တဲ့ Apps လေးတွေ တင်ထားရာမှာ တစ်ခုကတော့ တော်တော်လေးသဘောကျ စရာပါ။ အဲဒါကတော့ သူ့ရဲ့ Products ပေါင်းစုံဖြစ်တဲ့ TV, စမတ် ဖုန်း၊ တက်ဘလက်၊ Recorder စသဖြင့်ကို အမျိုးအစားအလိုက် စုစည်းပေးထား ပါတယ်။ ကျွန်တော်က တက်ဘလက်ကို စိတ်ဝင်စားတယ်ဆိုလျှင် တက်ဘလက်ကို ၀င်ကြည့်နိုင်မှာဖြစ်ပြီး မိမိကြည့်ရှုချင်တဲ့ မော်ဒယ်တစ်ခုကို ၀င်ကြည့်တဲ့အခါ Specification အပြည့်အစုံ၊ ဈေးနှုန်းနဲ့ သုံးသပ်ချက်များကို ဖော်ပြပေးထားပြီး ဘယ်နေရာတွေမှာ ၀ယ်နိုင်မလဲဆိုတာကို ဖော်ပြ ပေးထား ပါတယ်။ ဖုန်းဆက်ချင်လျှင်လည်း ဆက်လို့ရပါတယ်။ အသစ်ဝင်လာတဲ့ ပစ္စည်းဆိုရင် New ဆိုပြီးဖော်ပြပေးထားသလို Promotion အစီအစဉ်တွေ ရှိပါကလည်း ဘယ်လောက် Discount နဲ့ရနိုင်ကြောင်း၊ ဘယ်လိုလက်ဆောင် တွေရနိုင်ကြောင်း ဖော်ပြပေးထားပါတယ်။ ဒါပေမယ့် ဒီ Apps က နိုင်ငံတကာ အတွက်ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာဆိုလျှင်တော့ မိုဘိုင်းဖုန်းကွန်ပျူတာဆိုင်ကြီးတွေက ဒီလို Facebook မှာ Page ထောင်ပြီးတင်နေရုံ မျှမက ဒီလိုမျိုး Apps လေးတွေ လုပ်ထားမယ် ဆိုလျှင် သုံးစွဲသူတွေကလွယ်လင့်တကူပိုမိုသုံးစွဲနိုင်မှာဖြစ်ပါ တယ်။ ဥပမာ Samsung, Huawei, Sony, LG, HTC စသဖြင့် မိုဘိုင်းဖုန်း ကုမ္ပဏီကြီးတွေက သူတို့ရဲ့ Products တွေကို ဖော်ပြပေးထားတဲ့ Apps လေးထုတ်ထားမယ်ဆိုလျှင် သုံးစွဲသူတွေအတွက် လွယ်ကူအဆင်ပြေစေမှာ ဖြစ်ပါတယ်။ ဒါဆိုလျှင် ဘာ Products အသစ် တွေ ထွက်သလဲ၊ ဘယ်ဈေးရှိ လဲ၊ ဘယ်မှာဝယ်ရမလဲသိရှိနိုင်သလို ပရိုမိုးရှင်း အစီအစဉ်ကပိုမိုအောင်မြင်နိုင် မှာဖြစ်ပါတယ်။ အဆိုပါ Apps ကို မိမိတို့ ထုတ်လုပ်ရောင်းချတဲ့ ဖုန်းတွေထဲမှာ အသင့်ထည့်သွင်းပေးထားခြင်းအားဖြင့် လူတွေက တမင်တကာ Download ချသုံးစွဲစရာမလိုတော့ဘဲ သုံးစွဲဖြစ်ကြမှာဖြစ်ပါတယ်။ တစ်နှစ်အတွင်း ဖုန်း အလုံးရေတစ်သိန်းရောင်းရတယ်ဆိုပါစို့။ လူအယောက်တစ်သိန်းကို မိမိတို့ ပေးချင်တဲ့ သတင်းအချက်အလက်တွေကို အဆိုပါ Apps ကနေပေးနိုင်မှာဖြစ် ပါတယ်။

လတ်တလောအနေအထားအရဆိုလျှင်တော့ လူတွေက ဂျာနယ်တွေ၊ သတင်းစာတွေကနေ သိရင်သိမယ်။ ရေဒီယို၊ တီဗီတွေကနေသိရင် သိမယ်၊ Facebook က သိရင်သိမယ်ပေါ့။ ဒီနေရာမှာ မသိလိုက်လို့ တကယ်ဝယ်ယူ မယ့် Customer တွေ ဘယ်လောက်ဆုံးရှုံးသွားနိုင်သလဲ ဆိုတာကလည်း မေးခွန်းထုတ်စရာပါပဲ။ ကျွန်တော့်အထင်တော့ မနည်းလှဘူးထင်ပါတယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ တတ်နိုင်သမျှ လူထုကြားကိုပြန့်နှံစေမယ့် နည်းလမ်းပေါင်းစုံကို အသုံးပြုကြရမှာဖြစ်ပါတယ်။ယခုနောက်ပိုင်းတော့ လုပ်ငန်းတွေမှာ Facebook Page တွေလုပ်လာကြပါတယ်။ လုပ်ငန်းတွေက အများကြီးဖြစ်တဲ့ အတွက် လူတွေက အကုန်လုံးကို သိချင်မှသိမှာဖြစ်ပါတယ်။ ဒီတော့ Page အောင်မြင်အောင်၊ လူသိများအောင်လုပ်ဆောင်ဖို့ ကလည်း အင်မတန်အရေးကြီးပါတယ်။ လူတွေစိတ်ဝင်စားမယ့် စာတွေရေးတင်တတ်ဖို့ လိုအပ်ပါတယ်။ မိမိတို့ ရောင်းချမယ့် ကုန်ပစ္စည်းအကြောင်းကို လူတွေ နားလည်အောင်၊ ဖတ်ချင်စဖွယ်ဖြစ်အောင်ရေးသားတင်ဆက်တတ်ဖို့လည်း လိုအပ်ပြီး အမြဲတမ်းလည်း Update တင်ပေးသင့်ပါတယ်။ Products အသစ် တစ်ခုထွက်တိုင်း တင်ပေးနေသင့်ပါတယ်။ ထို့ပြင် မိမိလုပ်ငန်းနှင့် သက်ဆိုင် သော ဗဟုသုတရဖွယ်ရာအကြောင်းအရာများ၊ သတင်းများကိုလည်း အမြဲတစေ တင်ပေးနေမယ်၊ လူစိတ်ဝင်စားဖွယ်ရာ အစီအစဉ်လေးတွေ လုပ်ပေး နေမယ်ဆိုလျှင် လူတွေကပိုမိုအာရုံစိုက်လာမှာဖြစ်ပါတယ်။

အလွယ်ပြောရရင်တော့ Like တွေတက်လာမှာဖြစ်ပါတယ်။ မိုဘိုင်းဖုန်းနဲ့ ကွန်ပျူတာဆိုင်များအဖို့ သုံးစွဲသူတွေအသုံးတည့်စေမယ့် သင်ခန်းစာလေး တွေ၊ Error ဖြေရှင်းပုံနည်းလမ်းလေးတွေ၊ နည်းပညာပိုင်းနဲ့ ပတ်သက်တဲ့ ဗဟုသုတ ရဖွယ်တွေ၊ အသစ်ထွက်ပစ္စည်းသတင်းတွေ စသဖြင့် အများသူငါ စိတ်ဝင်စားမယ့် အကြောင်းအရာတွေတင်ပေးနေမယ်ဆိုလျှင် သူတို့ Page ကို လူပိုစိတ်ဝင်စားမှာဖြစ်တဲ့အတွက် ပရိသတ်အရေအတွက် ပိုမိုတိုးတက်လာ မှာဖြစ်ပါတယ်။ ပရိသတ်အရေအတွက်များလာခြင်းက မိမိတို့ရဲ့ စီးပွားရေး လုပ်ငန်း ကြော်ငြာတွေအတွက် တကယ့်ကို အခွင့်အလမ်းကြီးပါပဲ။ အဲဒီ အတွက် ကျွန်တော်တို့ ကြော်ငြာခတစ်ပြားမှမကုန်ဘဲ ကြော်ငြာ နိုင်တဲ့ သဘောပါပဲ။ ဒီနေ့ခေတ်မှာ Facebook ကနေပဲ အရောင်းအ၀ယ်တွေ လုပ်နေကြတာအောင်မြင်တဲ့သူတွေလည်း တော်တော်အောင်မြင်ကြပါတယ်။ သူ့အတွက် ဆိုင်ခန်းနေရာတွေဘာတွေမလိုအပ်ဘဲ လုပ်ငန်းတစ်ခုကို လည်ပတ်နိုင်တဲ့ သဘောပါပဲ။ ကုန်ပစ္စည်းတွေအများကြီး ရောင်းချနေတဲ့ ဆိုင်ကြီးတွေ၊ စီးပွားရေးလုပ်ငန်းများအတွက်ကတော့ မလွဲမသွေ လိုအပ်ပြီး အဲဒီ အပိုင်းအတွက် ၀န်ထမ်းများကို ခေါ်ယူခန့်ထားသင့်ပါတယ်။

အချို့ဆိုင်တွေမှာ တော်တော်ကောင်းမွန်တဲ့ Gadgets လေးတွေရှိပါတယ်။ ဒါပေမယ့် လူတွေက အဲဒီဆိုင်ရောက်ဖြစ်မှပဲ မြင်တွေ့ကြတာဖြစ်ပါတယ်။ မရောက်ဖြစ်ရင် သူဝယ်ချင်တာပဲ ထားဦး၊ သိရှိမှာမဟုတ်တဲ့အတွက် ဘယ်တော့မှ ၀ယ်ဖြစ်မှာမဟုတ်ပါဘူး။ လူတွေက ဆိုင်တစ်ဆိုင်ကို ရောက်ဖို့ ဆိုတာ တော်တော်လေးခဲယဉ်းတဲ့ကိစ္စပါ။ အကြောင်းကိစ္စရှိမှပဲ ရောက်ဖြစ် တတ်ကြပါတယ်။ ဒီအတိုင်းတမင်တကာ သွားကြည့်တယ်ဆိုတာကတော့ စူပါမားကက်တွေလောက်ပဲရှိမယ်ထင်တယ်။ဒီတော့ ကိုယ့်ရဲ့ဆိုင်မှာ ရောင်းချ နေတဲ့ပစ္စည်းတွေကို အွန်လိုင်းမှာတင်ပေးမယ်။ မိမိဆိုင်မှာ ၀ယ်ယူသွားတဲ့ ဖောက်သည် တွေရဲ့ E-mail တွေ၊ ဖုန်းနံပါတ်တွေ တောင်းယူထားပြီး ပရိုမိုးရှင်းအစီအစဉ်တွေရှိတဲ့အခါ Message ပို့တာတို့၊ E-mail ပို့တာ တို့ကို လုပ်ဆောင်ခြင်းကလည်း ထိရောက်တဲ့အနေအထားပါပဲ။


ဖုန်းကိုင်ထားတဲ့ လူတစ်ယောက်က သူ စိတ်မ၀င်စားရင်တောင် သူ့မိတ်ဆွေအပေါင်းအသင်း တွေကို ပြောပြနိုင်မှာပဲဖြစ်ပါတယ်။ အဲဒီကနေတစ်ဆင့် မိမိတို့လုပ်ငန်းရဲ့ ကြော်ငြာတွေက ငွေကြေး ကုန်ကျစရာမလိုဘဲ လွယ်လင့်တကူ ပြန့်နှံ့နေမှာ ဖြစ်ပါတယ်။ ယခုမြန်မာပြည်မှာ Messaging Apps တွေ တော်တော်ခေတ်စား နေပါတယ်။ သူ့ထက်ငါအပြိုင်အဆိုင်ပါပဲ။ သူတို့ရဲ့ Apps တွေ လူသုံးများလေ သူတို့အတွက် ပိုမိုအောင်မြင်လေဖြစ်မှာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့က စီးပွားရေးလုပ်ငန်းများနဲ့ချိတ်ဆက်ကာ ကြော်ငြာသဘောမျိုး အစီအစဉ်လေး တွေလုပ်နေတဲ့အတွက် လူသုံးများတဲ့ Apps တွေမှာ ကြော်ငြာခြင်းက လူများစွာဆီသို့ ပြန့်နှံ့နိုင်စေမှာဖြစ်ပါတယ်။ အဲဒီအတွက် ၀န်ဆောင်ခရရှိမှာ ဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ ယနေ့ခေတ်မှာ စီးပွားရေးလုပ်ငန်းတွေကို သမားရိုးကျ သွားနေလို့ မရတော့ဘဲ ပြောင်းလဲလာတဲ့ ခေတ်ရဲ့ရေစီးကြောင်းနဲ့အညီ လိုက်လျောညီထွေလုပ်ဆောင်နိုင်ကြမယ်ဆိုလျှင်တော့ အဆပေါင်းများစွာ တိုးတက်အောင်မြင်မယ်ဆိုတာကတော့ အသေအချာပါပဲ။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

♪ iPhone 7 camera ကြော်ငြာဗီဒီယို ကို YouTube ပေါ် ဖြန့်ခဲ့တဲ့ Apple (Video) ♫


Apple အနေနဲ့ ၄င်းရဲ့ YouTube channel ပေါ်မှာ iPhone 7 camera ရဲ့ ဗီဒီယို ရိုက်ကူးမှုကို အမွှန်းတင်ထားတဲ့ ကြော်ငြာ ဗီဒီယို တစ်ခုကို ဒီဇင်ဘာ(၅) ရက်နေ့ က ဖြန့်လိုက်ပါတယ်။

ဗီဒီယိုရဲ့ ကြောငြာကို “Romeo and Juliet” လို့နာမည်ပေးထားပြီး ရှိတ်စပီးယားရဲ့ Romeo and Juliet ထဲက ဆက်တင်တွေ အတိုင်းပြင်ဆင်ကာ ကလေး နှစ်ယောက်က သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ဗီဒီယိုရဲ့ အဆုံးမှာတော့ caption အနေနဲ့ “Your movies look like movies on iPhone 7” ဆိုပြီး iPhone 7 ကင်မရာ ရဲ့ ဗီဒီယို အရည်အသွေးကို အမွှန်းတင်ထားပါတယ်။

Apple အနေနဲ့ iPhone 7 ဆိုတဲ့ နေရာမှာ iPhone 7 နဲ့ iPhone 7 plus နှစ်ခုစလုံးကို ရည်ညွှန်းတာဖြစ်ပြီး
  • 12-megapixel high-speed sensors
  • new image signal processors
  • optical image stabilization
  • wide color gamut
စတဲ့ Feature တွေဟာ အရင် မျိုးဆက် iPhone တွေထက် စွမ်းဆောင်ရည်ပိုမိုကောင်းမွန်အောင်ဖန်တီး ထားတာ ဖြစ်ပါတယ်။



 
Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...
Related Posts Plugin for WordPress, Blogger...